ဂါဇာကမ်းမြှောင် တိုက်ပွဲတွင် သေဆုံးသူ ပါလက်စတိုင်း ၆၂၄ ဦး ရှိပြီ

အစ္စရေး စစ်တပ်မှ ဂါဇာဒေသသို့ အမြောက်များဖြင့် ပစ်ခတ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပါလက်စတိုင်း ဂါဇာဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၁၆ ရက်မြောက် ရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့အထိ ပါလက်စတိုင်း ၆၂၄ ယောက် သေဆုံးသွားပြီလို့ဖြစ်ပြီး အများစုက အရပ်သားတွေ ဖြစ်တယ်လို့ အရာရှိတွေက ဒီနေ့ ပြောပါတယ်။ [caption id="attachment_60837" align="alignright" width="300"]အစ္စရေး စစ်တပ်မှ ဂါဇာဒေသသို့ အမြောက်များဖြင့် ပစ်ခတ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ) (ဓာတ်ပုံ - ရိုက်တာ)[/caption] ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် ခေါင်းဆောင်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့က ဟားမတ်စ်အဖွဲ့ တောင်းဆိုတဲ့အတိုင်း ဂါဇာမှာ အစ္စရေးနဲ့ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းဖို့ အဆိုကို ဒီနေ့ ထောက်ခံလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လွှမ်းမိုးထားတဲ့ အစ္စလာမ်မစ်ဝါဒီ ဟားမတ်စ်အုပ်စုနဲ့ တခြား လက်နက်ကိုင်အဖွဲ့ခွဲတွေကတော့ အီဂျစ်နိုင်ငံရဲ့ ကြားဝင်ကမ်းလှမ်းတာကို ငြင်းဆန်ထားပါတယ်။ အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ တိုက်တွန်းမှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဖို့ အီဂျစ်က ကြားဝင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဟားမတ်စ်အဖွဲ့နဲ့ အီဂျစ်သမ္မတ အယ်လ်စီစီတို့ကြားထဲမှာ ယုံကြည်မှု မရှိတာကြောင့်လည်း စေ့စပ်ရေးလုပ်ငန်းမှာ ပိုခက်ခဲနေပါတယ်။ ဂါဇာ တိုက်ခိုက်မှုတွေအတွင်း အစ္စရေးစစ်သား ၂၉ ဦး ကျဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့က တိုက်ပွဲတွေ ရပ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီမတိုင်ခင်မှာတော့ ဂျွန်ကယ်ရီဟာ အီဂျစ်သမ္မတ အပါအ၀င် အရာရှိတွေနဲ့ တွေ့ဆုံပြီး အီဂျစ်က ကြားဝင်ကမ်းလှမ်းနေတဲ့ အပစ်ရပ်ရေး အစီအစဉ်ကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဂါဇာကမ်းမြောင်ဒေသမှာတော့ တိုက်ပွဲတွေက ဒီနေ့အထိ ဆက်ဖြစ်နေတုန်းပါပဲ။ ဂါဇာဒေသက ဟားမတ်စ်တွေရဲ့ လျှို့ဝှက်လှိုဏ်ခေါင်းတွေနဲ့ လက်နက်တိုက်တွေကို ဖျက်ဆီးဖို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟုက မြေပြင်တပ်တွေကို ဇူလိုင်လ ၁၇ ကတည်းက စေလွှတ်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up