အင်ဒိုနီးရှားပြည်သူအားလုံး အောင်ပွဲဖြစ်ကြောင်း ဂျိုကိုဝီ ပြော

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုကိုဝီဒိုဒိုက သူရဲ့အောင်ပွဲဟာ အင်ဒိုနီးရှားပြည်သူအားလုံးရဲ့အောင်ပွဲဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က ဂျကာတာမြို့တော်မှာ လုပ်တဲ့ အောင်ပွဲခံမိန့်ခွန်းအတွင်း ပြောဆိုလိုက်ပါတယ်။ [caption id="attachment_60828" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ အကြီးစား ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်ဆိုတဲ့ကတိကို ဖော်ဆောင်ဖို့ အများအပြားက မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ပြည်သူ သန်း ၁၃၀ နီးပါးက မဲပေးခဲ့တဲ့ ဇူလိုင် ၉ ရက် ရွေးကောက်ပွဲမှာ ဂျကာတာ မြို့တော်ဝန်ဟောင်းဟာ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယံတိုကို ၆ ရာခိုင်နှုန်းအသာနဲ့ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါ တယ်။ ရွေးကောက်ပွဲရလဒ် မကြေညာမီ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းမှုမှာတော့ ဂျိုကိုဝီက ရင်းနှီးမြှုပ်နှံသူတွေအတွက် ရိုးရှင်းတဲ့ဘ၀၊ နိုင်ငံအတွက် ဟောင်းနွမ်းနေတဲ့ အခြေခံ အဆောက်အဦတွေကို ပြန်အားဖြည့်မှု၊ ထိုးဖောက်လို့မရလုနီးပါး ဖြစ်နေတဲ့ စည်းမျဉ်းတွေ အရေးကို ဖြေရှင်းမှုတွေ၊ အလုပ်နဲ့ မကိုက်ညီတဲ့ ၀န်ကြီးတွေကို ရာထူး ရုပ်သိမ်းမှုတွေ လုပ်မယ်လို့ ကတိပြုပါတယ်။ နိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းနီးပါးက ဆင်းရဲမွဲတေနေတဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း သာမန်လူထုနဲ့ တိုက်ရိုက် ဆက်ဆံဖို့ လိုလားမှု၊ ကြိုးနီစနစ်ကို စိတ်မရှည်မှုနဲ့ လုပ်နိုင်စွမ်းရှိတဲ့ ချဉ်းကပ်မှုတွေကြောင့် ခုလို ရွေးကောက်ပွဲ အနိုင်ရတာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ လာမယ့်အောက်တိုဘာလမှာ အင်ဒိုနီးရှားရဲ့ ၇ ဆက်မြောက် သမ္မတ ဖြစ်လာမယ့် ဂျိုကိုဝီဟာ သာမန်မိသားစုကနေ ဆင်းသက်လာသူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up