A d v e r t i s e m e n t With Us

မြို့တော်ဝန် ဂျိုကိုဝီ အင်ဒိုနီးရှားသမ္မတ ဖြစ်ပြီ

Indonesia PMအင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းမှာ တရား ကြေညာလိုက်ပါတယ်။ ဂျိုကိုဝီလို့ အင်ဒိုနီးရှားပြည်သူတွေက ချစ်စနိုး ခေါ်ကြတဲ့ လက်ရှိ ဂျကာတာ မြို့တော်ဝန်ဟောင်း ဂျိုကို ၀ီဒိုဒိုဟာ မဲအားလုံးရဲ့ ၅၃ ဒသမ ၁၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး သူပြိုင်ဘက် ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယံတိုက ၄၆ ဒသမ ၈၅ ရာခိုင်နှုန်း ရရှိပါတယ်။ မဲအရေအတွက်အနေနဲ့ ဂျိုကိုဝီက မဲ ၈ သန်းကျော် ပိုရပါတယ်။ ဒါကြောင့် သူတို့ နှစ်ယောက်ရတဲ့ မဲအရေအတွက် ကွာဟမှုဟာ ၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ရှုံးသွားတဲ့ ပရာဘိုဝိုအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အယူခံဖို့ ခက်ခဲမယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ဂျကာတာ မြို့တော်ဝန်ဟာ အင်ဒိုနီးရှားရဲ့ သတ္တမမြောက် သမ္မတအဖြစ် လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့ မတိုင်ခင်မှာ ကျမ်းသစ္စာကျိန်ဆိုဖွယ် ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up