အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့ကို အပစ်ရပ်စဲရန် ကုလနှင့်အမေရိကန် တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ကြိုးစားဖို့ သံတမန်ရေးနည်းနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က တွန်းအား ပေးလိုက်ပါတယ်။ [caption id="attachment_60756" align="alignright" width="300"]ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ[/caption] အမေရိကန်အကြီးတန်း အရာရှိတွေကတော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ် လာနိုင်တယ်လို့ အသိအမှတ် ပြုကြ ပါတယ်။ ဂါဇာကမ်းမြောင် တိုက်ပွဲအတွင်း ၂ ဖက်စလုံးက လူ ၅၀၀ ကျော် သေ ဆုံးခဲ့ပြီး သေဆုံး သူအများစုကတော့ ပါလက်စတိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ ဟားမတ်အဖွဲ့ သြဇာသက်ရောက်တဲ့ ဂါဇာကမ်းမြောင်ကနေ အစ္စရေးနယ်ထဲ ဒုံးကျည် ပစ်သွင်းမှုကို ရပ်တန့်ဖို့ ကြိုးစားတဲ့အနေနဲ့ အစ္စရေးစစ်တပ်က မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်မှုတွေ လုပ်နေခဲ့ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ ညမှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအ၀င် ဖြစ်နိုင်ရင် ဒေသတွင်းထိပ်တန်းအရာရှိတွေနဲ့ အတူ ဆွေးနွေ ညှိနှိုင်းမှုတွေ လုပ်ဖို့ မျှော်လင့်ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာတော့ ပါလက်စတိုင်းပြည်သူတွေကို စာနာကြောင်းနဲ့ အစ္စရေးက စစ်ရေးနဲ့ တုံ့ပြန်ရတာ ဘာကြောင့်ဆိုတာကို နားလည်ကြောင်း ဘန်ကီမွန်းက ပြောပြီး ဒါပေမယ့် အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ လိုတယ်လို့လည်း အခိုင်အမာ ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “ဒီရက်ပိုင်းဒေသတွင်း ကယ်ရီနဲ့ ကျနော်တို့ရဲ့ လည်ပတ်မှုမှာ ကျိုးကြောင်းညီညွတ်တဲ့ပုံစံနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူလာအောင် ကျနော်တို့ လုပ်နိုင်မယ်လို့ မျှော်လင့်တယ်” လို့လဲ သူက ဆက်ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ သွေးချောင်းစီးမှုရပ်ဖို့ ဟားမတ်စ်အဖွဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။ အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံပြီးပြီမို့ ဟားမတ်စ်တွေသာ ဆုံးဖြတ်ချက် ချဖို့ လိုတယ်လို့ ကယ်ရီက ပြောပါတယ်။ ကယ်ရီဟာ လာမယ့် ဇူလိုင် ၂၃ ရက်နေ့အထိ ကိုင်ရိုမှာ နေဖို့ စီစဉ်ထားပြီး ခရီးစဉ်ကို ဘယ်တော့ အဆုံးသတ်မယ်ဆိုတာ အစီအစဉ် မဆွဲရသေးပါဘူး။ ကာတာအရာရှိတွေနဲ့ ဆွေးနွေးဖို့လည်း ကြိုးစားနေပါတယ်။ ကာတာဟာ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဟားမတ်စ်ခေါင်းဆောင် ခါလစ် မေရှားလ်ကို လက်ခံထားပါတယ်။ အမေရိကန်ကတော့ ဟားမတ်စ်တွေနဲ့ တိုက်ရိုက် အဆက်အသွယ်မရှိလို့ အီဂျစ်နဲ့ ကာတာနိုင်ငံကို ကြားခံထား အလုပ်လုပ်နေရပါတယ်။ ဒါပေမယ့် ကာတာဟာ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီရဲ့အစိုးရကို ထောက်ခံသူတွေ ဖြစ်ပြီး လက်ရှိ အီဂျစ်အစိုးရက မော်စီအစိုးရကို ဖြုတ်ချထားသူတွေ ဖြစ်လို့ သူတို့ချင်း ဆက်ဆံရေး တင်းမာနေပါတယ် ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up