စတီဗင်ဂျရတ် လက်ရွေးစင်ကစားသမားဘ၀က အနားယူ

အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်ဟာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ England's Gerrard squats on the pitch after their 2014 World Cup Group D soccer match against Costa Rica at the Mineirao stadium in Belo Horizonteအသက် ၃၄ နှစ်အရွယ် ဂျရတ်ဟာ ယူကရိန်းကို အနိုင်ရတဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲမှ ပထမဆုံးအကြိမ် အသင်းခေါင်းဆောင် လုပ်ခဲ့ဖူးပြီး နောက်ဆုံး ပွဲစဉ်ကတော့ ကော်စ တာရီကာနဲ့ ဂိုးမရှိ သရေကျတဲ့ ကမ္ဘာ့ဖ လားပြိုင်ပွဲ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဂျာရတ်ကတော့ “တိုင်းပြည်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရတဲ့ မိနစ်တိုင်းအတွက် ကျနော် ပျော်ရွှင်ပါတယ်။ ဒီနေ့ကတော့ ကျနော့်အတွက် ၀မ်းနည်းစရာ ကောင်းတဲ့နေ့ပါ”လို့ ပြောပါတယ်။ လီဗာပူး ကွင်းလယ်သမားဟာ ဘရာဇီးကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ရပြီး နောက်ပိုင်းမှာ အသင်းကနေ အနားယူဖို့ စဉ်းစားခဲ့တာပါ။ သူဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၁၁၄ ပွဲ ကစားပေးထားပြီး ပီတာရှယ်တန်နဲ့ ဒေးဗစ် ဘက်ခမ်းပြီးရင် တတိယမြောက် ပွဲထွက်ကစားခွင့် အများဆုံးရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up