တိုင်ဖုန်းမုန်တိုင်းကြောင့် ဗီယက်နမ်တွင် ၁၂ ဦး သေဆုံး

686
တောင်တရုတ်ပင်လယ်မှာ ဆက်လက်တိုက်ခတ်နေတဲ့ ရမ်မန်ဆန်း တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ် ဗီယက်နမ်မြောက်ပိုင်းမှာ မိုးသက်လေပြင်းတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံသတင်းတွေက ဒီနေ့ ဖော်ပြကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာ တိုင်ဖုန်းမုန် တိုင်းကြောင့် မြေပြိုမှု နဲ့ ရေနစ်မြှုပ် မှုတွေဖြစ်ပေါ်ပြီး လူ ၁၂ ဦး သေဆုံး၊ ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဒေသခံ ၂ ထောင်ကျော် ကို ဘေးလွတ် ရာ ပြောင်းရွှေ့စေ ခဲ့ပြီး လောလောဆယ် နေအိမ်တွေ ဆီ ပြန်ခွင့်မပေးသေးဘူးလို့ ဗီယက်နမ်အာဏာပိုင်တွေက ဆိုပါတယ်။
ဒီတပတ် တရုတ်နဲ့ ဗီယက်နမ်နယ်စပ်ကို ဖြတ်ကျော် မ၀င်ရောက်ခင် ပြီးခဲ့တဲ့ ၁ ပတ်က ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့ပြီး လူအနည်းဆုံး ၇၇ ဦး သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းမှာတော့ မုန်တိုင်းကြောင့် သေဆုံးသူ ၁၇ ယောက် ရှိတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။
အခုကာလဟာ တောင်တရုတ်ပင်လယ်မှာ တိုင်ဖုန်းမုန်တိုင်းတွေ ဖြစ်ပေါ် တိုက်ခတ်တဲ့ကာလ ဖြစ်ပြီး အခု တိုက်ခတ်နေတဲ့ ရမ်မန်ဆန်းမုန်တိုင်းဟာ နှစ်ပေါင်း ၄၀ အတွင်း တရုတ်တောင်ပိုင်းမှာ အပြင်းထန်ဆုံးတိုက်ခတ်တာလို့ ဆိုပါတယ်။
