တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲရန် အစ္စရေးနှင့်ပါလက်စတိုင်းကို ကုလတောင်းဆို

ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီက ဂါဇာအရေးအခင်းအတွက် အရေးပေါ် တံခါးပိတ် ဆွေးနွေးပွဲအပြီး တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်စဲဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က နှစ်ဖက်စလုံးကို တောင်းဆိုလိုက်ပါတယ်။ Flickr_-_Israel_Defense_Forces_-_Iron_Dome_Intercepts_Rockets_from_the_Gaza_Strip_jpg_475x310_q85အရှေ့အလယ်ပိုင်းဒေသ ကို ရောက်ရှိနေတဲ့ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ လူသားမဆန်၊ ရက်စက်ဆိုးဝါးတဲ့ လုပ်ရပ်တွေ လို့ ပြစ်တင် ဝေဖန်ခဲ့အပြီး လုံခြုံရေးကောင်စီရဲ့ အပစ်အ ခတ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့မှာတင် အစ္စရေးစစ်သား ၁၃ ယောက် ကျဆုံးခဲ့ပြီး ပါလက်စတိုင်း ၁၀၀ ကျော်လည်း သေဆုံးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း ဂါဇာအရေးအခင်းကို ဆွေးနွေးဖို့ အီဂျစ်နိုင်ငံကို ဒီနေ့ ရောက်ရှိနေပါတယ်။ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ၂ ပတ်အကြာ ပါလက်စတိုင်းအယောက် ၅၀၀ နီးပါးလောက် သေဆုံးခဲ့အပြီးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက သံတမန်ရေး ကြိုးပမ်းလာကြတာလည်း ဖြစ်ပါတယ်။ အစ္စရေးစစ်သား ၁၈ ဦး သေဆုံးခဲ့ပြီ ဖြစ်ပေမယ့်လည်း လိုအပ်နေသေးတဲ့အချိန်အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ဆိုပါတယ်။ အခု အစ္စရေးစစ်သား ကျဆုံးမှုဟာ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ် ဂါဇာကို နောက်ဆုံး ၀င်ရောက်ခဲ့စဉ်ကထက် အစ္စရေးစစ်သားကျဆုံးမှု ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့က အစ္စရေးစစ်သားတဦးကို ဖမ်းဆီးရမိတယ်လို့ ဟားမတ်အဖွဲ့က ပြောဆိုပေမယ့် အစ္စရေးစစ်တပ်ကတော့ စုံစမ်းစစ်ဆေးဆဲလို့  ဆိုပါတယ်။ ဂါဇာတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းသေဆုံးသူ စုစုပေါင်း ၄၇၆ ယောက် ရှိသွားပြီ ဖြစ်ပြီး ဒဏ်ရာရသူ အယောက် ၃ ထောင်ကျော်သွားပြီလို့ ကုလသမဂ္ဂက ဆိုပြီး အများစုဟာ အရပ်သားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အစ္စရေးဘက်ကတော့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ နယ်စပ်ကို ဖြတ်ပြီး တူးဖော်ထားတဲ့ ဟားမတ်လိုဏ်ခေါင်းကွန်ရက်တွေကို လေကြောင်း ပစ်ခတ်မှုတခုတည်းနဲ့  ဖျက်ဆီးလို့ မရတာကြောင့် အစ္စရေးမြေပြင်တပ်တွေ ၀င်ရောက်ရတာလို့ အစ္စရေးဘက်က ကာကွယ်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up