A d v e r t i s e m e n t With Us

ဖိလစ်လန်း ဂျာမန် လက်ရွေးစင်ကနေ အနားယူမည်

ဖိလစ်လန်း (ဓာတ်ပုံ - ရိုက်တာ)
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမနီအသင်းခေါင်းဆောင် ဖိလစ်လန်း က ဂျာမန် လက်ရွေးစင်ကနေ အနားယူတော့မယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ကြေညာခဲ့တာကြောင့် ဂျာမနီ တနိုင်ငံလုံး အံ့အားသင့်ခဲ့ရပါတယ်။ [caption id="attachment_60647" align="alignright" width="300"]ဖိလစ်လန်း (ဓာတ်ပုံ - ရိုက်တာ) ဖိလစ်လန်း (ဓာတ်ပုံ - ရိုက်တာ)[/caption]ဖိလစ်လန်းဟာ အသက် ၃၀ ပဲ ရှိသေးပြီး နောက်တန်းနဲ့ ကွင်းလယ်မှာပါ ကစားနိုင်သူဖြစ်ပြီး ခြေစွမ်း အထက်ဆုံး အချိန်မှာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူလိုက်တာပါ။ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဖိလစ် လန်း အနားယူသွားပြီဆိုတာကို အတည်ပြု ထားပါတယ်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော့်ရဲ့ လက်ရွေးစင် ကစားသမားဘ၀ကို အနားယူတဲ့အချိန်မှာ ကမ္ဘာ့ဖလားကို ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် ” လို့ ဖိလစ်လန်းက ပြောပါတယ်။ လန်းဟာ ဂျာမန်လက်ရွေးစင် ကစားသမားဘ၀ကို ၂၀၀၄ မှာ စတင်ခဲ့ပြီး ၂၀၁၁ မှာ မိုက် ကယ် ဘာလက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ရယူခဲ့ပါတယ်။ သူဟာ ဂျာမန် အသင်းအတွက် ပွဲပေါင်း ၁၁၃ ပွဲမှာ ၅ ဂိုး သွင်းပေးထားပါတယ်။ ဖိလစ် လန်းဟာ ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင်လည်း ဖြစ်ပြီး ၂၀၁၂၊ ၂၀၁၃ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အပါအ၀င် ဖလား ၃ ခုကို ရယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up