နည်းပြသစ် လူးဝစ်ဗန်ဂေါကို မန်ယူအသင်း မိတ်ဆက်

မန်ချက်စတာ ယူနိုက်တက်အသင်းက နည်းပြသစ် လူးဝစ်ဗန်ဂေါကို မီဒီယာတွေနဲ့ မိတ်ဆက်တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ မနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို မန်ယူနဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း  ဆာဘော်ဘီ ချာလ်တန် အပါအ၀င် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ BoABIaACIAIBxd-နည်းပြသစ် ဗန်ဂေါက “ဒီအသင်းကြီးနဲ့ အသားတကျ ဖြစ်အောင် လုပ်ရမှာဦးမှာပါ။ မလွယ်ကူပေမယ့် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျနော် နည်းပြသက်တမ်းမှာ အောင်မြင်မှုတွေ ရခဲ့တာကို ခင်များတို့လည်း မြင်မှာပါ။ ကျနော် လုပ်နိုင်သလောက် အနာဂတ်မှာ မြင်ရမှာပါ”လို့ ပြောပါတယ်။ နည်းပြဟာ မန်ယူအသင်းအပေါ်မှာ သူ့ရဲ့ အတွေးအခေါ် ဒဿ   နတွေ သွတ်သွင်းနိုင် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နည်းပြသစ် ဗန်ဂေါက “ကျနော့်ရဲ့ နည်းလမ်းက အရင်တုန်းက အတိုင်းပါပဲ။ ကစားသမားတွေ အခု လက်ရှိ ကစားသမားပုံကို  ကြည့်မှာပါ။ အရင် ကစားပုံကို သိပေမယ့် ကျနော့် နည်းပြလုပ်တဲ့အချိန်မှာ ကစားပုံကို ကြည့်ဦးမှာပါ။ ပထမ ၃ ပတ် ၄ ပတ်အတွင်း သူတို့ ဘယ်လို ကစားသလဲဆိုတာ အရင်ဆုံး မြင်ချင်ပါတယ်။ ပြီးမှ အသစ်ဝယ်ထားတဲ့ ကစားသမား တွေလို နောက်ထပ် ကစားသမားသစ်တွေ ၀ယ်ဖို့ လို၊ မလို စဉ်းစားရမှာပါ။ ပထမဆုံးအနေနဲ့ ကျနော့်ရဲ့အတွေးအခေါ် ဒဿ  နအတိုင်း ကစားသမားတွေ ကစားနိုင်မလားဆိုတာ ကြည့်ရ မှာပါ” လို့ ပြောပါတယ်။ မန်ယူအသင်းဟာ အသက် ၆၂ နှစ်အရွယ် နည်းပြသစ် ဗန်ဂေါလက်ထက်မှာ နောက်တန်းသမား လူကီရှောနဲ့ ကွင်းလယ်သမား ဟာရီရာတို့ကို ၀ယ်ယူထားပါတယ်။ နည်းပြ ဗန်ဂေါကို မန်ယူက ပြီးခဲ့တဲ့မေလထဲမှာ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် နယ်သာလန် နည်းပြ တာဝန်ကို ယူနေရလို့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှာ မိတ်ဆက်ပွဲ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒတ်ခ်ျနည်းပြ ဗန်ဂေါဟာ အေဂျက်၊  ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့အတူ ပြည်တွင်း အမှတ်ပေးလိဂ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up