တရုတ်နိုင်ငံတွင် မြေပြို၊ လူ ၁၀ ဦး သေဆုံး
Published By
DVB | 18 July, 2014
611
0
Share
0
Comment
0
Likes

တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြေပြိုမှုတခုအတွင်း ကားများ ပိခဲ့ပြီး လူ ၁၀ ဦး သေဆုံး၊ ၁၉ ဦး အပြင်းအထန် ဒဏ်ရာရပါတယ်။
အမှတ် ၂၁၃ အမျိုးသား အဝေးပြေးလမ်းမကြီးရဲ့ မော်ရှန်းမြို့နယ် လမ်းပိုင်းမှာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမတ်တင်းမှာ ဖြစ်ခဲ့တာလို့ မြို့နယ် အများပြည်သူရေးရာဌာနက ဆိုပါတယ်။
၃ ထောင် ကုဗမီတာရှိတဲ့ ကျောက်တုံးက ကုန်ကားတစီး ကား ၇ စီးနဲ့ ပစ်ကပ် ကုန်ကား ၁ စီးပေါ် ပိခဲ့တာပါ။
ဒဏ်ရာရသူတွေကို ဒေသခံဆေးရုံကို တင်ပို့ခဲ့ပြီး ညနေ ၇ နာရီမတ်တင်းလောက်မှာ ဒဏ်ရာ ပြင်းထန်သူတွေကို ချန်ဒူမြို့ ဟွာရှီးဆေးရုံကို တင်ပို့ခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေဆဲပါ။