မင်းရဲကျော်စွာ ကားပွဲစားတန်း ရွှေ့ပြီ
DVB
·
July 18, 2014
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကားဝယ်ရောင်း ဈေးကွက်ကြီးဖြစ်တဲ့ မင်းရဲကျော်စွာကားဝင်းက ကားတွေကို ဇူလိုင် ၁၇ ရက်နေ့ကစ လှိုင်မြို့နယ်က ကားဝင်းအသစ်ကို စပြီး ရွှေ့ပြောင်းနေပြီလို့ ၀ယ်ရောင်းနဲ့ ကားပွဲစားတွေက ပြောပြကြပါတယ်။
အရင်က မီးလောင်ပြီးနောက် နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးခြင်း မပြုပဲ အစိုးရက သိမ်းထားတဲ့ ၉ ဧက လောက်ရှိတဲ့ မြေအပေါ်မှာ ကားဝယ်ရောင်း ဈေးကွက်လုပ်ဖို့ နေရာချထားတာ ဖြစ်ပါတယ်။
ကားအရောင်းအ၀ယ်ပြုလုပ်ရာ ကွင်းဆိုပေမယ့် မြေကွက်အလွတ်ပဲ ဖြစ်ပြီး တချို့နေရာမှာ ကျင်းချိုင့်တွေ၊ ဗွက်တွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။
လက်ရှိနေရာအသစ်မှာ ကားဝယ်ရောင်းလုပ်သူ အားလုံး နေရာ မရနိုင်တာကြောင့် ကားကြီးတွေ အရောင်းအ၀ယ်လုပ်နိုင်မယ့် ကွင်းတခု လှိုင်သာယာဘက်မှာ သတ်မှတ်ပေးဖို့ ရှိတယ်လို့ စည်ပင်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။