A d v e r t i s e m e n t With Us

မြေပြင်တပ်များ ပါလက်စတိုင်းမြေထဲ ၀င်ရန် အစ္စရေး အမိန့်ပေး

အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မြေပြင်တပ်တွေ ပါလက်စတိုင်းနယ်မြေ ဂါဇာထဲကို စ၀င်ဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က အမိန့်ပေးခဲ့ပါတယ်။ နယ်စပ်မှာ အစ္စရေး ကြည်း၊ ရေနဲ့ လေတပ်တွေ ပူးပေါင်းတိုက်ခိုက်မှုတွေ စတင်နေပြီလို့ ဂါဇာဒေသခံတွေနဲ့ ရိုတ်တာသတင်းထောက်တွေက ဆိုကြပါတယ်။ [caption id="attachment_60207" align="alignright" width="300"]အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ) အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)[/caption] အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဘန်နီဂန့်ဇ်က အစ္စရေးအရာရှိကြီးတွေကို စစ်ဆင်ရေး ညွန်ကြားချက်တွေ ပေးခဲ့ပါတယ်။ “ဂါဇာကို မြေပြင်တပ်နဲ့ လေတပ် အချိတ်အဆက်မိမိ၊ အင်အားပြည့် ၀င်တိုက်မယ်။ ခံစစ်ကိုလည်း လက်ရှိအတိုင်း အသင့်ပြင်ထားမယ်။ ဂုဏ်ယူထိုက်တဲ့ အစ္စရေးတပ်သားတွေအဖြစ် အစွမ်းကုန် တိုက်ခိုက်သွားမယ်” လို့ စစ်ဆင်ရေးမိန့်ခွန်း ပြောခဲ့ပါတယ်။ လူနေထူထပ်တဲ့ ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ၁၀ ရက်ကျော်ကြာ တဖက်နဲ့ တဖက် အပြန်အလှန်ပစ်ခတ်နေကြပြီး အစ္စရေးမြေပြင်တပ်တွေ စ၀င်တာလည်း ဖြစ်ပါတယ်။ ၁၀ ရက်အတွင်း အစ္စရေးနိုင်ငံထဲကို ဒုံးကျည် ၁၃၀၀ ကျော် ပါလက်စတိုင်းတွေက ပစ်ခတ်ခဲ့ပြီး အစ္စရေးကတော့ လေကြောင်းကနေ ပဲ့ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကလေးတွေအပါအ၀င် ပါလက်စတိုင်း ၂၃၃ ဦး သေဆုံးခဲ့ကြပြီး အစ္စရေးဘက်ကတော့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ စစ်ဆင်ရေးမှာ အစ္စရေးခြေလျင်တပ်၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ အင်ဂျင်နီယာတပ်၊ ထောက်လှမ်းရေးတပ်တွေ အားလုံး ရေတပ်၊ လေတပ်တွေနဲ့ အချိတ်အဆက်မိမိ တိုက်ပွဲဝင် သွားမယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက အာရပ်အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂက ထောက်ခံအားပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို ဟားမတ်အဖွဲ့က လက်သင့်မခံဘဲ ဆက်လက်တိုက်ခိုက်နေတဲ့အတွက် အဲဒီ အကျိုးဆက်တွေအတွက် ပါလက်စတိုင်းတွေ နစ်နာတယ်လို့ ပြောဆိုခဲ့ပါတယ်။ နယ်စပ်ကို ဖြတ်ပြီး အစ္စရေးတွေ နေထိုင်တဲ့ ရပ်ကွက်အနား လှိုက်ခေါင်းဖောက်ဝင်ဖို့ ကြိုးစားနေကြတဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေး သမားတွေကို ဇူလိုင် ၁၇ ရက်နေ့က အစ္စရေးလေတပ်က ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up