ဗိုလ်ချုပ်မိန့်ခွန်းနှင့် မှတ်တမ်းရုပ်ရှင် အမျိုးသားလွှတ်တော်တွင် ထုတ်လွှင့်ပြသ
ရွှေအောင်
·
July 17, 2014
ဒီနေ့ပြုလုပ်တဲ့ နေပြည်တော်၊ အမျိုးသားလွှတ်တော် ရပ်နားချိန်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းနဲ့ မှတ်တမ်းရုပ်ရှင်တွေကို ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသခဲ့တယ်လို့ မကွေးတိုင်းအမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
အာဇာနည်နေ့နား နီးနေချိန်မှာ ချိန်ခါကိုက် ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ဒီလိုထုတ်လွှင့်ပြသတာဟာ အင်မတန်အပြုသဘောဆောင်ပြီး ကြိုဆိုစရာကောင်းတဲ့ကိစ္စလို့ သူက သဘောထားမှတ်ချက်ပေး ပြောပါတယ်။
ဦးအောင်ကြည်ညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။