Home
မြန်မာသတင်း
ပြည်သတင်းထောက် ကိုရေခဲကို တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချမှတ်
ထွန်းထွန်းသိန်း
·
July 17, 2014
[caption id="attachment_60471" align="alignright" width="300"]Ye Khe (Mizzima) ပြည်သတင်းထောက် ကိုရေခဲ[/caption] ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သတင်းထောက် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးက ဒဏ်ငွေ ၂ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေးအတွက် ပြည်အခြေစိုက် သတင်းထောက် တွေက ဇွန်လထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ တရားမ၀င်စီတန်းလှည့်လည်တဲ့ ပုဒ်မ-၁၈ နဲ့ ကိုရေခဲကို ပြည်ခရိုင်တရားရုံးက ရုံးချိန်း ၁၀ ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဒီကနေ့ညနေမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024