A d v e r t i s e m e n t With Us

ပြည်သတင်းထောက် ကိုရေခဲကို တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချမှတ်

[caption id="attachment_60471" align="alignright" width="300"]Ye Khe (Mizzima) ပြည်သတင်းထောက် ကိုရေခဲ[/caption] ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သတင်းထောက် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးက ဒဏ်ငွေ ၂ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေးအတွက် ပြည်အခြေစိုက် သတင်းထောက် တွေက ဇွန်လထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒပြပွဲခေါင်းဆောင် ကိုရေခဲကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ တရားမ၀င်စီတန်းလှည့်လည်တဲ့ ပုဒ်မ-၁၈ နဲ့ ကိုရေခဲကို ပြည်ခရိုင်တရားရုံးက ရုံးချိန်း ၁၀ ကြိမ်လောက် ခေါ်ယူခဲ့ပြီး ဒီကနေ့ညနေမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အသံဖိုင် နားဆင်ရန်

A d v e r t i s e m e n t With Us

More News
Up