တရုတ်နိုင်ငံအလယ်ပိုင်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရ

တရုတ်နိုင်ငံအလယ်ပိုင်းက ဟူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့နေရပါတယ်။ Chinese Floodingဟူနန်ပြည်နယ်ထဲက ကမ္ဘာ့လှည့်ခရီးသည်တွေ အလည်အပတ်များတဲ့ ရှေးဟောင်း သမိုင်းဝင်မြို့ ဖိန်းဟွေ့ (Fenghuang)ဟာလည်း ရေမြှုပ်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ မင်မင်းဆက်နဲ့ ချင်မင်းဆက်လက်ထက်ကတည်းက ရာစုနှစ်နဲ့ချီတဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ရှိပြီး ယူနက်စကိုရဲ့ သမိုင်းဝင်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခံဒေသအဖြစ် လျှောက်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။ မြို့ခံ ၅ သောင်းကျော်ကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ထားခဲ့ရပါတယ်။ ဟူနန်ပြည်နယ်နဲ့ ကပ်လျက် ပြည်နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး စုစုပေါင်း လူ ၄ သောင်းလောက်ကို နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ယူနန်ပြည်နယ်မှာလည်း မိုးကြီးလို့ မြေပြိုပြီး လူနေအိမ် အလုံး ၂၀၀ လောက် ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ရက်အနည်းငယ် မိုးဆက်လက်ရွာသွန်းအုံးမယ်လို့ တရုတ်အမျိုးသားမိုးလေ၀သဌာန က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up