Home
မေးမြန်းခန်း
“တော်လှန်ရေး” စကားလုံးမသုံးစွဲရန် သူရဦးရွှေမန်း ဟန့်တား
DVB
·
July 16, 2014
[caption id="attachment_57464" align="alignright" width="300"]ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု[/caption]ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်တတပ်အကြား တိုက်ပွဲကိစ္စ ဆွေးနွေးတဲ့ ပြည်သူ့လွှတ်တော်အမတ်တဦးကို “တော်လှန်ရေး” ဆိုတဲ့ စကားလုံး မသုံးစွဲဖို့ ဟန့်တားခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးရာမှာ ဟန့်တားခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့ဆိုတဲ့ အသုံးအနှုန်းကို ဘာကြောင့် သုံးတာပါလဲ။ ဒီအသုံးအနှုန်းက ငြိမ်းချမ်းရေးကို ထိခိုက်စေသလား ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်နန်းဝါနုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024