တရားမ၀င် အင်ဒိုနီးရှားနိုင်ငံသား အယောက် ၈၀ စီးလာသည့် လှေနစ်မြုပ်

ရှာဖွေကယ်ယူခဲ့သည့် အင်ဒိုနီးရှားအလုပ်သမားများ
မလေးရှားနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းမှာ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၈၀ ကို တင်ဆောင်လာတဲ့ လှေတစီးဟာ တရားမ၀င်လုပ်သားတွေကို လိုက်ဖမ်းတဲ့ ကင်းလှည့်လှေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က တိုက်မိပြီး နစ်မြုပ်ခဲ့ပါတယ်။ [caption id="attachment_60362" align="alignright" width="300"]ရှာဖွေကယ်ယူခဲ့သည့် အင်ဒိုနီးရှားအလုပ်သမားများ ရှာဖွေကယ်ယူခဲ့သည့် အင်ဒိုနီးရှားအလုပ်သမားများ[/caption]ခရီးသည် ၂ ဦး ရေနစ် သေဆုံးပြီး တခြားလူ ၁၇ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအဖွဲ့ရဲ့ ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။ ဂျိုဟိုးပြည်နယ်တောင်ဘက်က ကမ်းလွန်ရေပြင်မှာ ရှာဖွေကယ်ဆယ်ရေးသမားတွေက ဆက်ရှာနေဆဲလို့ သူက ဆက်ပြောပါတယ်။ တရားမ၀င်လုပ်သားတွေလို့ သံသယရှိတဲ့သူတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လှေဟာ အင်ဒိုနီးရှားကို ဦးတည်သွားခဲ့တာ ဖြစ်ပြီး ခရီးသည်တွေကတော့ တရားမ၀င် အင်ဒိုနီးရှားလုပ်သားတွေလို့ ဒေသခံသတင်းစာတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရားမ၀င် အင်ဒိုနီးရှားလုပ်သားတွေလို့ သံသယရှိသူတွေကို တင်နိုင်စွမ်းထက် ပိုတင်လာတဲ့ လှေတစီး မလေးရှား အနောက်ဘက်ကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့လို့ ခရီးသည် ၁၀ ယောက် သေဆုံးခဲ့ပါသေးတယ်။ အာဆီယံဒေသမှာ ချမ်းသာကြွယ်ဝတဲ့ မလေးရှားနိုင်ငံဟာ ဒေသတွင်း ဆင်းရဲတဲ့ နိုင်ငံတွေက တရားမ၀င်လုပ်သားတွေကို ဆွဲဆောင်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ အထောက်အထားမဲ့ အင်ဒိုနီးရှားလုပ်သားအများအပြားဟာ မလေးရှားနိုင်ငံရဲ့ ဆီအုန်း စိုက်ခင်းတွေမှာ အလုပ်လုပ်ကြလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up