အာဂျင်တီးနားအသင်းကို ပြည်သူထောင်ချီ ကြိုဆို

ဓာတ်ပုံ - ar.terra.com
[caption id="attachment_60322" align="alignright" width="300"]ဓာတ်ပုံ - ar.terra.com ဓာတ်ပုံ - ar.terra.com[/caption] ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ အာဂျင်တီးနား ဘောလုံးအသင်း ပြန်လည်ရောက်ရှိလာတာကို သမ္မတအပါအ၀င် ထောင်နဲ့ ချီတဲ့ ပြည်သူတွေက ကြိုဆိုခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့ ညပိုင်းမှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာစဉ် ပရိသတ်တွေက “ကျေးဇူးတင်ပါတယ် အာဂျင်တီးနား အသင်း” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး အာဂျင်တီးနားနာမည်ကို သံပြိုင်အော်ဟစ်ပြီး စောင့်ကြိုခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ် ဆွတ်ခူးဖူးတဲ့အသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up