အီဂျစ်နိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ ၈ ဦး သေဆုံး

အစ္စရေးနဲ့ နယ်စပ်နားက အီဂျစ်နိုင်ငံ ဆိုင်းနိုင်းဒေသလုံခြုံရေးဧရိယာထဲမှာ  ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ပေါက်ကွဲမှု ၂ ခုကြောင့် လုံခြုံရေးအရာရှိ ၁ ဦးနဲ့ တခြားလူ ၇ ဦး သေဆုံးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ eight copyအီဂျစ်နိုင်ငံဟာ ဆိုင်းနိုင်းအခြေစိုက် စစ်သွေြး ကွတွေ ခေါင်းဆောင် တဲ့ အစ္စလာမ်မစ် သူပုန်ထမှုကို မနှစ်က စစ်အာဏာ သိမ်းချိန်ကတည်းက ခံနေရတာ ဖြစ်ပါတယ်။ သူပုန်တွေက လုံခြုံရေးတပ်တွေကို အဓိက ပစ်မှတ်ထား တိုက်နေလို့ ရာနဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲအရာရှိတွေ အသတ်ခံခဲ့ရပြီးပါပြီ။ ဒေသခံ ဆိုင်ယတ် အယ်လ် အီမာရီကတော့ ပေါက်ကွဲမှုကြောင့် အဆောက်အဦအပြင်မှာ လူအများကြီး ဒဏ်ရာရတာ မြင်ခဲ့တယ်လို့ ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ လူ ၂၅ ယောက် ဒဏ်ရာရတယ်လို့ ပြောပြီး ဒုံးကျည်က ဆိုင်းနိုင်းမြောက်ပိုင်း အဓိက လုံခြုံရေးပရ၀ုဏ်ကို ပစ်မှတ်ထားခဲ့ပေမယ့် အယ်လ်အာရစ်ရှ်မြို့က စူပါမားကတ်နားကို ကျရောက် ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီမြို့ထဲက လုံခြုံရေးဝင်းထဲ ဒုံးကျည် ၂ စီး ကျရောက်ပေါက်ကွဲလို့ အရာရှိ ၁ ဦး သေပြီး တခြားလူ ၇ ဦး ထပ်မံ ဒဏ်ရာရတယ်လို့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။ အီဂျစ်ရဲ့ အသစ်ရွေးကောက်တင်မြှောက်ခံ သမ္မတ အယ်စီစီဟာ မွတ်စလင်ညီနောင်များ အဖွဲ့က ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို ရာထူးချခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်ဟောင်းတယောက် ဖြစ်ပါတယ်။ သူက အာရပ်ကမ္ဘာ့ရဲ့ လူအသိပ်သည်းဆုံး အီဂျစ်နိုင်ငံမှာ တည်ငြိမ်ရေး ပြန်ရဖို့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ကတိပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up