Home
မြန်မာသတင်း
မှောင်ခိုဖမ်းရာတွင် လိုအပ်ရင် စစ်တပ်ကို အကူတောင်းမည်
DVB
·
July 14, 2014
ကုန်ပစ္စည်း မှောင်ခိုကုန်ကူးသူတွေထဲမှာ သာမန်ကုန်သည်တွေနဲ့ အတူ လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေပါ ပါဝင်နေတာကြောင့် မှောင်ခိုကုန်တားဆီးရာမှာ လိုအပ်ရင် စစ်တပ်ကို အကူအညီတောင်းဖို့ ရှိတယ်လို့ ရန်ကုန်မိုဘိုင်းတင်းမ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ [caption id="attachment_60249" align="alignleft" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အထူးသဖြင့် မြ၀တီ-ဘားအံနဲ့ ရန်ကုန် လမ်းကြောင်းပေါ် မှာ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လည်း မှောင်ခိုကုန် ကူးကြတဲ့အတွက် သူတို့ကုန်တွေကို ဖမ်းဆီးရင် လက်နက်ပြပြီး ပြန် လည် ထုတ်ယူ သွားတတ်ကြတယ်လို့ သူက ဆိုပါတယ်။ မှောင်ခို ကုန်တွေကို တားဆီး စစ်ဆေး အရေးယူတဲ့ မိုဘိုင်းတင်းမ်အဖွဲ့ထဲမှာတော့ ရဲတပ်ဖွဲ့လိုမျိုးပဲ ပါဝင်တာကြောင့် အဲလို ကိစ္စမျိုးကို ဘာမှ မတတ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။ ဒါကြောင့် နောက်ပိုင်း လိုအပ်ရင် စစ်တပ်ကို အကူအညီတောင်းကောင်း တောင်းမှာ ဖြစ်ပြီး လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင် အင်အားကိုပဲ တိုးချဲ့ အသုံးပြုနေတယ်လို့ သူက ရှင်းပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024