ဘရာဇီးအသင်းနည်းပြ စကိုလာရီ နုတ်ထွက်

970
၂၀၁၄ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲကို ရယူနိုင်ခြင်း မရှိတဲ့ အတွက် ဘရာဇီလ်းအသင်း နည်းပြ လူးဝစ်ဖီလစ်ပီ စကိုလာရီက နုတ်ထွက်သွားတယ်လို့ ဘရာဇီလ်းအခြေစိုက် ဂိုလ်ဘို ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။
စကိုလာရီရဲ့ စာချုပ်သက်တမ်းဟာ ဒီပြိုင်ပွဲအပြီး သက်တမ်းကုန်ဆုံး မှာ ဖြစ်သ လို နုတ်ထွက်တာ ကိုတော့ ဘရာဇီလ်းဘောလုံး အဖွဲ့ချုပ်က ဒီနေ့ အတည်ပြုမယ်လို့ ဆိုပါတယ်။
နယ်သာလန်ကို ရှုံးနိမ့်သွားချိန်မှာတော့ ကွင်းထဲက တီဗွီမှာ စကိုလာရီကို ရိုက်ပြလိုက်တိုင်း လူတွေက လှောင်ပြောင်ခဲ့ကြပါတယ်။
စကိုလာရီဟာ ဘရာဇီလ်းအသင်းကို ၂၀၀၁ ခုနှစ်က စတင် ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ် စကိုလာရီဟာ ၂၀၀၂ ခုနှစ်က ဘရာဇီလ်းအသင်းနဲ့ ကမ္ဘာဖလားကို ရယူခဲ့ပေမယ့် ဒီနှစ်မှာတော့ စတုတ္တနေရာနဲ့ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘရာဇီလ်းအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို တတိယနေရာလုပွဲမှာလည်း နယ်သာလန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
