Home
မြန်မာသတင်း
ထိုင်းက မြန်မာဒုက္ခသည်များကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့မည်ဟုဆို
DVB
·
July 14, 2014
ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကို  ၁ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ ရှိနေတယ်လို့ ထိုင်းစစ်တပ်သတင်း ရင်းမြစ်ကို ကိုးကားပြီး ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြပါတယ်။ [caption id="attachment_26876" align="alignright" width="300"]မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ - ရိုက်တာ) မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ - ရိုက်တာ)[/caption] ထိုင်းအာဏာသိမ်း အဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အမျိုးသားကောင်စီရဲ့  မူဝါဒဟာ ဒုက္ခသည်တွေ ကို ပြန်ပို့ဖို့နဲ့  ဒုက္ခသည် စခန်းတွေအားလုံး ပိတ် ဖို့ဖြစ်ကြောင်း၊ မြန်မာ အစိုးရကလည်း ဒုက္ခသည်တွေကို  ပြန်ခေါ်ဖို့အသင့်ပဲလို့ ထိုင်းခြေလျင်တပ်မ ၉ ရဲ့ အမည်မဖော်လိုသူက သတင်းမှာ ပြောပါတယ်။ “ဒုက္ခသည်တွေရဲ့  ဆန္ဒသဘောတူညီမှုနဲ့အတူ လူသားချင်းစာနာမှု စံနှုန်းတွေကို လိုက်နာရမှာပါ။ ဒါပေမယ့် အလုပ်သမား စည်းမျဉ်း စည်းကမ်းတွေအပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးထိခိုက်တဲ့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ပြဿ   နာတခုဖြစ်တယ်။  ဒီလုပ်ငန်းစဉ်ဟာ အချိန်ယူရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ် ကြာမယ်။” ထိုင်းအာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကတော့  ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့တဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နဲ့ ဒီကိစ္စဆွေးနွေးခဲ့ကြောင်း၊ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အာင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ရုပ်သံမိန့်ခွန်းမှာ  ပြောကြားသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024