ဂါဇာမြို့တွင် အကြီးစားပေါက်ကွဲမှုများဖြစ်

ပါလက်စတိုင်းနယ်မြေ ဂါဇာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့နှောင်းပိုင်းက အကြီးစားပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ gaza06အစ္စရေးက ဂါဇာကမ်းမြောင်က်ို ၁ ပတ်ကြာ အကြီးအကျယ် ထိုးစစ်ဆင်မှုကို တိုးမြှင့် ခြိမ်းခြောက်နေပုံရ တယ်လို့ မီဒီယာတွေ က ရေးပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ကတော့ အစ္စရေး စစ်တပ်က မြောက်ပိုင်း နယ်စပ်နားက ဘေ့တ် လာဟီယာမြို့ခံတွေကို မြို့က ထွက်မသွားရင် အသက်အန္တရာယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ ညမှာတော့ အရပ်ဘက် အိမ်တွေကြားက ပါလက်စတိုင်း ဒုံးကျည်စင်တွေလို့ သံသယရှိတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကတော့ မြို့ခံလူဦးရေ ၄ ပုံ ၁ ပုံလောက် ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာဒေသက အရာရှိတွေကတော့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုစတင်ကတည်းက တိုက်ခိုက်ရေးသမား မဟုတ်သူ အများစုဖြစ်တဲ့ လူ ၁၆၆ ယောက် သေဆုံးတယ်လို့ ပြောပါတယ်။ အစ္စရေးကတော့ ဂါဇာက ဒုံးကျည်တစီးနဲ့ တိုက်ခိုက်ခဲ့ပြီး အပျက်အစီး မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဂါဇာဒေသကို နိုင်ငံရေးအရ လွှမ်းမိုးထားတဲ့ ဟားမတ်စ်အဖွဲ့တွေက ကျန်ခဲ့တဲ့ ၁ ပတ်အတွင်း ဒုံးကျည်အစီး ၉၄၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့  အစ္စရေးဘက်ကပြောပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့ အိုင်ယွန်ဒွမ် တိုက်ချင်းပစ်ဒုံးခွင်းဒုံးတွေနဲ့ အောင်မြင်မှု အစိတ်အပိုင်းကြောင့် သေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် အစ္စရေးရဲ့ အဓိကမြို့ကြီးတွေမှာတော့ နေ့စဉ်လူနေမှုဘ၀ ထိခိုက်ခဲ့ပြီး တောင်ပိုင်းမြို့တွေမှာတော့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့တွေရဲ့ ဒုံးကျည်တွေကို လေကြောင်းစစ်ဆင်ရေးနဲ့ မထိန်းချုပ်နိုင်ရင် ဂါဇာဒေသကို ကျူးကျော်မှု ဖြစ်နိုင်ချေအတွက် မြေပြင်တပ်တွေကို အစ္စရေးက လှုပ်ရှားမယ့် အလားအလာတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up