အီရန်နျူကလီးယား ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

542
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ကျင်းပခဲ့တဲ့ အီရန် နျူးကလီးယားဆွေးနွေးပွဲဟာ သဘောတူညီမှု မရပဲ ပြီးဆုံးခဲ့တာကြောင့် ဆွေးနွေးပွဲတွေအတွက် ရက်ကန့်သတ်ချက်ကို ထပ်တိုးဦးမယ်လို့ မျှော်လင့်ရပါတယ်။
[caption id="attachment_60219" align="alignright" width="300"]
ဆွေးနွေးပွဲ ကျင်းပစဉ်[/caption]
လက်ရှိ သဘောတူထား တဲ့ ဆွေးနွေးပွဲနောက် ဆုံး ရက်ဟာ လာမယ့်အပတ် ဇူလိုင် ၂၀ ရက်နေ့မှာ ကုန်ဆုံးတော့ မှာ ဖြစ်ပြီး နောက် ဆုံးဆွေးနွေးပွဲဟာ လည်း သဘောတူညီချက် ဘာတခုမှ မရရှိဘဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်ကြား အမြင်သဘောထား ကွာဟချက်ဟာ ကြီးမားဆဲဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုပါတယ်။
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး စတိုင်းမီယာရ်ကတော့ “အခု နျူးကလီးယားကိစ္စမှာ အီရန်နိုင်ငံ အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ချင်သလား ဒါမှမဟုတ် အခုလိုပဲ နိုင်ငံတကာက ၀ိုင်းကျဉ်ထားတာ ဆက်ခံချင်သလား။ အီရန်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တယ်” လို့ ဆွေးနွေးပွဲအပြီး ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲရက် ထပ်တိုးရင်တော့ အီရန်နျူးကလီးယားအစီအစဉ်နဲ့ အီရန်စီးပွားရေးပိတ်ဆို့မှု အစီအစဉ် အပေးအယူလုပ်ရေး ပိုမို အချိန်ယူဆွေးနွေးနိုင်မှာလည်း ဖြစ်ပါတယ်။
