အကောင်းဆုံး ကစားသမားဆု မက်ဆီရရှိ

620
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိသွားပါတယ်။
အသက် ၂၇ နှစ်အရွယ် မက်ဆီဟာ ပြိုင်ပွဲတလျှောက် ၄ ဂိုးသွင်းထားပြီး အသင်းဖော်တွေ ၂ ဂိုး ရအောင် ကူညီထားပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ လိုင်နီကာကတော့ ဒီပြိုင်ပွဲမှာ မက်ဆီရဲ့ ကစားပုံက ကျေနပ် အားရစရာ မရှိဘူးလို့ ပြောပါတယ်။
မက်ဆီကိုယ်တိုင်ကတော့ အမှန်အတိုင်း ပြောရရင် အကောင်းဆုံး ကစားသမားဆုကို အခုအချိန်မှာ စိတ်မ၀င်စားဘူး။ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုပဲ လိုချင်တာပါလို့ ပြောပါတယ်။
ငွေဘောလုံးဆုကို ဂျာမနီ တိုက်စစ်မှူး မူလာ၊ ကြေးဘောလုံးဆုကို နယ်သာလန်က အာဂျန် ရော်ဘင်က ရရှိသွားပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုတော့ ကိုလံဘီယာ ကွင်းလယ် သမား ဂျိမ်းစ် ရော်ဒီဂွတ်က ရရှိသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂျိမ်းစ်ဟာ ၅ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဆုကို ရရှိသွားတာ ဖြစ်ပါတယ်။
မိုနာကိုကွင်းလယ်သမားဟာ ကိုလံဘီယာအသင်းကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ကွာတားဖိုင်နယ်အထိ ရောက်အောက် ပို့ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ငွေဖိနပ်ဆုကိုတော့ ၅ ဂိုးသွင်းထားတဲ့ မူလာ၊ ကြေးဖိနပ်ဆုကို သွင်းဂိုး ၄ ဂိုးနဲ့ ဘရာဇီး တိုက်စစ်မှူး နေမာက ရရှိသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂိုးသွင်း အများဆုံးဆု ဂျာမနီတိုက်စစ်မှူး မူလာက ၅ ဂိုးနဲ့ ရရှိပါတယ်။
