ဂါဇာဒေသတွင် အစ္စရေးစစ်တပ် တိုက်ခိုက်မှု၊ သေဆုံးသူ ၁၂၅ ဦး ရှိ

ဂါဇာဒေသမှာ အစ္စရေး စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့အထိ သေဆုံးသူ ၁၂၅ ယောက် ရှိသွားပါပြီ။ Gazarအစ္စရေးနဲ့ ပါလက်စတိုင်းတို့ အပစ်ခတ်ရပ်စဲဖို့ နိုင်ငံတကာ ဖိအားပေးနေပေမယ့် အစ္စရေးဘက်က လူနေထူထပ်တဲ့ ဂါဇာကမ်းမြောင်ဒေသထဲကို မြေပြင် စစ်ဆင်ရေးလုပ်လာနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း တွက်ဆနေကြပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ အစ္စရေးဘက်က အသေအဆုံး၊ အကျအဆုံးတော့ မရှိပါဘူး။ ဂါဇာဘက်ကိုနေ ရော့ဂတ် ဒုံးကျည်တွေနဲ့ပစ်ခတ်နေတာကို အစ္စရေးဘက်က အိုင်းယွန်း ဒုံးမ်း Iron Dome လို့ ခေါ်တဲ့ လေကြောင်း ကာကွယ်ရေးစနစ်နဲ့ ကြားဖြတ်ပစ်ချတဲ့နည်းနဲ့ ကာကွယ်နိုင်နေတာ ဖြစ်ပါတယ်။ ဂျာဇာဘက်က နောက်ထပ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လာရင် ကာကွယ်နိုင်ဖို့အတွက် လေကြောင်း ကာကွယ်ရေးစနစ်ကို အစ္စရေးက အင်အားဖြည့်ထားပါတယ်။ ဟာမက်အဖွဲ့ရဲ့ စစ်တပ်ကလည်း အစ္စရေးရဲ့ လူနေထူထပ်တဲ့ တယ်အေဗက် မြို့ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်၊ အနောက်ဘက်ကမ်းက မြို့တွေဖြစ်တဲ့ ဘာ့သရေဟမ်နဲ့ ဟီဘရွန်မြို့တွေမှာ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းက အစ္စရေး စစ်သားတွေနဲ့ ပါလက်စတိုင်း ဆန္ဒပြသမားတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။ အစ္စရေး စစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့သာမက ကျည်ဆံအစစ်တွေကိုပါ သုံးပြီး လူစုခွဲခဲ့လို့ ပါကစ္စတိုင်း ၂၇ ယောက် ဒဏ်ရာရတယ်လို့ ဟွန်ဘရွန်မြို့က ဆေးအဖွဲ့က ပြောပါတယ်။ ဘာသ်ရေဟမ် မြို့မှာလည်း ပါလက်စတိုင်းသားတွေက လုံခြုံရးတပ်ဖွဲ့တွေကို ကျောက်တုံးတွေနဲ့ ပစ်ခဲ့ပြီး စစ်တပ်က မျက်ရည်ယို ဗုံးတွေနဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဂါဇာဒေသကနေ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် ၇၀၀ ၀န်းကျင်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up