အီရတ်တွင် သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံး

အီရတ်နိုင်ငံ ဘက်ဂဒတ်မြို့မှာ စနေနေ့က သေနတ်သမားတွေရဲ့ လက်ချက်နဲ့ လူ ၂၉ ယောက် သေဆုံးသွားတယ်လို့ ရဲအဖွဲ့နဲ့ ဆေးရုံ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၀ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ Iraqဘက်ဂဒတ်မြို့ အရှေ့ပိုင်းက ဇာယူနာ ရက်ကွက်ထဲက တိုက်ခန်းတွဲတခုမှာ ညနေအချိန်မှာ အရပ်ဝတ်တွေနဲ့ ပျောက်ကျား ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ ဒီ ရက်ကွက်ထဲမှာ ဆီယိုက် လက်နက်ကိုင်တွေက အမျိုးသမီးတချို့ကို ပြည့်တန်ဆာတွေဆို ပြီးတော့ သတ်ဖြတ်လေ့ရှိတယ်လို့ နယ်ခံတွေက ဆိုပါတယ်။ ဒါပေမ့ယ် အခုနောက်ဆုံး တိုက်ခိုက်မှုက ဘယ်အဖွဲ့ရဲ့လက်ချက်လဲဆိုတာကိုတော့ အတည်မပြု နိုင် သေးပါဘူး။ ရဲတယောက်ကတော့ အမျိုးသမီးတွေ အသတ်ခံထားရတဲ့ အထပ်တွေမှာ “ဒါဟာ ပြည့်တန်ဆာလုပ်တဲ့ မိန်းမတွေကို ပြစ်ဒဏ်ပေးလိုက်တာပဲ”လို့ စာလုံးအမည်နဲ့ ရေးထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up