လီဗာပူးက တိုက်စစ်မှူး ဆွာရက်ကို ဘာစီလိုနာ အသင်းဆီ ရောင်းချဖို့ သဘောတူ

လီဗာပူးအသင်းက တိုက်စစ်မှူး ဆွာရက်ကို ဘာစီလိုနာအသင်းဆီ ပေါင် ၇၅ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုပြောင်းရွှေ့ကြေးဟာ ဂါရတ် ဘေးလ်နဲ့ စီရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့ပြီးရင် တတိယမြောက် ဈေးအကြီးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင် သွားပါတယ်။ s2.reutersmedia.net_1-300x213လောလောဆယ်မှာ ဆွာရက်ကို ဖီဖာက ၄ လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားပေမယ့်လည်း ဘာကာက ၅ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တာဖြစ်ပြီး လာမယ့် အပတ်ထဲမှာ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။ လီဗာပူးကို စွန့်ခွာရလို့ နာကျင် ခံစားရပါတယ်။ ဒါပေမယ့် ဘ၀သစ်နဲ့ စိန်ခေါ်မှု အ သစ်တွေကို လိုချင်လို့ စပိန်ကို ပြောင်းတာပါလို့ ဆွာရက်ဇ်က ပြောပါတယ်။ လီဗာပူး အနေနဲ့ ဥရုဂွေး တိုက်စစ်မှူး ရောင်းထုတ်လိုက်တဲ့အတွက် ပွဲပယ်ခံထားရတဲ့ အကျိုး တွေကို ခံစားရမှာ မဟုတ် တော့ပါဘူး။ ဘာစီလိုနာကတော့ ရာသီအစ ပွဲစဉ်တွေမှာ ပွဲပယ်ခံထားရတဲ့ ဆွာရက်ကို ထည့်သွင်း အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ ၃၁ ဂိုးသွင်း ထားပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။ လီဗာပူးက ဆွာရက်ကို ၂၀၁၁ မှာ ဟော်လန်ကလပ် အေဂျက်ကနေ ပေါင် ၂၂ သန်းကျော်နဲ့ခေါ်ယူ ခဲ့တာပါ။ စပိန်ကလပ်ကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ဆွာရက်ဟာ ဇနီးသည်ရဲ့ မိသားစု အသိုင်းအ၀ိုင်းနဲ့ နီးနီးကပ်ကပ် နေခွင့်ရတော့မှာပါ။ ပရီးမီးယားလိဂ်မှာ ကစားချိန်အတွင်း ဆွာရက်ဟာ မန်ယူနောက်ခံလူ အီဗာရာကို လူမျိုးရေးခွဲခြားမှုတွေ လုပ်ခဲ့လို့ ၈ ပွဲ အပယ်ခံ ရဖူးပါတယ်။ ဆွာရက်ဟာ လီဗာပူးအတွက် ၁၃၃ ပွဲ ကစားပေးထားပြီး ၈၂ ဂိုး သွင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up