A d v e r t i s e m e n t With Us

ဆော့ဝဲလ် Cortana က ဂျာမနီအသင်း ဗိုလ်စွဲမည်ဟု ခန့်မှန်း

ဓာတ်ပုံ - ရိုက်တာ
Microsoft ကုမ္ဗဏီရဲ့ ဆော့ဝဲလ် Cortana က လာမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာ မနီက အာဂျင်တီးနားအသင်းကို အနိုင်ရလိမ့်မယ်လို့ [caption id="attachment_60092" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ခန့်မှန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဂျာမနီနဲ့ အာဂျင်တီးနားအသင်းတို့ အနိုင်ရပြီး ဗိုလ်လုပွဲတက်မယ်ဆိုတဲ့ ခန့်မှန်းချက်လည်း မှန်ခဲ့ပါတယ်။ မိုက်ကရိုဆော့ဖ် Bing Search Engine ကို အသုံးပြုပြီး ဇွန်လ ၁၂ ရက်နေ့ကတည်းက စတဲ့ ဘောလုံးပြိုင်ပွဲ အနိုင်အရှုံး၊  ခြေစစ်ပွဲ ရလဒ်၊ အသင်းတသင်းရဲ့  အားသာချက် အားနည်းချက်၊ ရာသီဥတု၊ လောင်းကြေး စတာတွေအပေါ် တွက်ချက်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ ဆော့ဝဲလ်ဟာ window 8.1 ကို အသုံးပြုတဲ့ မိုဘိုင်ဖုန်းတွေမှာ ပါရှိတဲ့ Presonal assistant software ဖြစ်ပါတယ်။ Microsoft Cortana ဆော့ဖ်ဝဲလ်ဟာ ရှုံးထွက်အဆင့် ပြိုင်ပွဲတွေကစပြီး ခန့်မှန်းခဲ့ရာ စုစုပေါင်း ၁၄ ပွဲအထိ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဆော့ဖ်ဝဲလိုပဲ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရေဘ၀ဲ ရဂျီနာနဲ့ ခေါင်းကြီးလိပ်တို့ ခန့်မှန်းခဲ့ပေမယ့် ပွဲစဉ်တိုင်းမှာ မှန်ကန်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၀ ကမ္ဘာ့ဖလားမှာတော့ ဂျာမနီ ရေဘ၀ဲ ပေါလ်က ဂျာမနီကန်တဲ့ ပွဲစဉ်တွေကို မှန်ကုန်အောင် ခန့်မှန်းနိုင်ခဲ့လို့ ကမ္ဘာတ၀န်းမှာ ထင်ရှား ကျော်ကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up