မဲရလဒ်ကြေညာမှု စိတ်ရှည်ကြရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို
636
လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနိုက သမ္မတလောင်းနှစ်ဦးကို သီးခြားစီတွေ့ဆုံပြီး တရားဝင်မဲရလဒ်တွေကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြဖို့ ပြောဆိုခဲ့ပါတယ်။
[caption id="attachment_60082" align="alignright" width="300"]
လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို[/caption]
အရပ်ဘက်အေဂျင်စီတွေရဲ့ မဲရလဒ်တွေယူပြီး သမ္မတနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာနေကြတာဖြစ်ပါတယ်။
မဲရေတွက်ကြတဲ့ အရပ်ဘက် အေဂျင်စီအများစုကတော့ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို က ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုထက် မဲ နှာတဖျားအသာစီးရနေတယ်လို့ ဆိုကြပါတယ်။
လက်ရှိသမ္မတကတော့ သမ္မတသက်တမ်း ၂ ခုပြည်သွားပြီမို့ ဒီနှစ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။
ဂျကာတာမြို့ခံတွေကတော့ ဘယ်သူသမ္မတတက်တက် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်အောင် ကြံဆောင်ရေးပဲ အရေးကြီးတယ်လို့ ပြောဆိုကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဝေးလံတဲ့ကျွန်းတွေ ရာနဲ့ချီရှိပြီး မဲပေးသူဦးရေကလည်း သန်း ၁၉၀ ကျော်တာကြောင့် တရားဝင်မဲရလဒ်တွေ ကြေညာဖို့ ၂ ပတ် အချိန်ယူထားပါတယ်။
ဇူလိုင်လ ၂၁ ရက်၊ ၂၂ ရက်နေ့လောက်မှာ တရားဝင်မဲရလဒ်တွေ ကြေညာပေးမယ်လို့ မျှော်လင့်ရပါတယ်။
ရွေးကောက်ပွဲလုံခြုံရေးအတွက် ထောင်နဲ့ချီတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲတွေ ချခဲ့ပြီး အခုချိန်ထိ ရွေးကောက်ပွဲ အကြမ်းဖက်မှုမရှိခဲ့ပါဘူး။
