ရုရှားစစ်ရေးလေ့ကျင့်မှု ယူကရိန်းနယ်စပ်တွင် ပြုလုပ်

ရုရှားဟာ စစ်ရေးလေ့ကျင့်မှုတခုကို ယူကရိန်းနယ်စပ်ကနေ သိပ်မဝေးတဲ့ ရုရှတောင်ပိုင်း ခရက်စ်နာဒါဒေသမှာ ဇူလိုင်လ ၉ ရက်နေ့က စတင်လေ့ကျင့်နေပါတယ်။ Russia2ခြေလျင်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်မဟာ၊ ရေတပ်၊ ပြည်ထဲရေးနဲ့ အထူးတပ်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ယေ့စ်ခ်မြို့နားက ပစ်ကွင်းမှာ လေ့ကျင့်တာပါ။ ပစ္စတိုကနေ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်မျိုးစုံနဲ့ တခြား ပစ်ခတ်မှု ပုံစံအမျိုးမျိုးကို ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။ အရင်လတွေကလည်း ရုရှားဟာ ယူကရိန်းနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှု အတော်များများ လုပ်ခဲ့ပါတယ်။ ယူကရိန်းအစိုးရက ရုရှားလိုလားတဲ့ သူပုန်တွေကို အခိုင်အမာခြေကုပ်စခန်းမြို့ စလာဗီယန့်စ်ကနေ နှင်ထုတ်နိုင်ခဲ့အပြီး ရုရှားက စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တာပါ။ စလာဗီယန့်စ်က လက်နက် အကြီးအကျယ် တပ်ဆင်ထားတဲ့ ခွဲထွက်ရေးသမားတွေဟာ လူ ၉ သိန်းနေတဲ့ ဒန်ညက်စ်မြို့နဲ့ ရုရှားနယ်စပ်နားက လူဟန့်စ်မြို့ အနားတ၀ိုက်မှာ လှုပ်ရှားနေခဲ့ပါတယ်။ ရုရှားစကားပြောတဲ့ ယူကရိန်း အရှေ့ပိုင်းဒေသတွေမှာ ခွဲထွက်ရေးသမားတွေနဲ့ ၃လတာ ပဋိပက္ခအတွင်း ယူကရိန်းအစိုးရတပ်သား အယောက် ၂၀၀ ကျော်အပါအ၀င် ရာနဲ့ချီတဲ့ အရပ်သားတွေနဲ့ သူပုန်တိုက်ခိုက်ရေးသမားတွေ သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up