အီရတ်တွင် ကားဗုံးကွဲ၊ ၈ ဦး ဒဏ်ရာရ

Isralအီရတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ ရောထွေးနေတဲ့ ကာကတ်မြို့တောင်ပိုင်းမှာ ကားဗုံးခွဲမှုတခုကြောင့် အနည်းဆုံးလူ ၈ ဦး ဒဏ်ရာရပါတယ်။ အယ်လ်ဝါစစ်တီရပ်ကွက်ထဲက ကားဗုံးကြောင့် အနားက အိမ်တွေပျက်စီးပြီး ရဲကားတချို့ မီးလောင်ပျက်စီးပါတယ်။ အရင်လကတော့ အီရတ်အနောက်ပိုင်းနဲ့ မြောက်ပိုင်းတလွှားကို ဆွန်နီမွတ်စလင် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့လို့ တိုက်ခိုက်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေအတွင်း အရပ်သားအများစုအပါအ၀င် လူအယောက် ၁ ထောင်လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ က ဇူလိုင် ၈ ရက်နေ့က ပြောပါတယ်။ အီရတ်နိုင်ငံတွင်း ၂၀၀၆၊ ၂၀၀၇ ခုနှစ် တိုင်းရင်းသားသုတ်သင်မှု အဆိုးဆုံးအချိန်တွေ အပြီး ပထမဆုံးအနေနဲ့ အစုလိုက် အပြုံလိုက် လူသတ်မှုတွေဟာ အီရတ်မှာ ပုံမှန်လို ပြန်ဖြစ်လာနေပါတယ်။ ဆွန်နီသူပုန်တွေဟာ ဇွန် ၁၂ ရက်နေ့က တီကရစ်မြို့ကို သိမ်းပိုက်အပြီး ဓားစာခံ ရှီးယိုက်စစ်သားတွေကို ရာနဲ့ချီ ပြီး သတ်ဖြတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up