Home
စီးပွားရေး
အောင်ဘာလေထီ မင်္ဂလာစုံတွဲစနစ်ကနေ ပဒေသာစနစ်ပြောင်းမည်
DVB
·
July 10, 2014
Myanmar-Lotteryလာမယ့် ၂၀၁၄ သြဂုတ် ၁ ရက်နေ့ကစ ဖွင့်မယ့် ၃၀၇ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကနေစ လက်ရှိ ကျင့်သုံးနေတဲ့ မင်္ဂလာစုံတွဲ ယူနစ်ဆုစနစ်ကို ဖျက်သိမ်းပြီး ပဒေသာယူနစ် ဆုမဲစနစ်ကို ပြောင်းလဲ ကျင့်သုံးသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ ပြောင်းလဲကျင့်သုံးမယ့်စနစ်အရ ထီဆုကြေးတွေကို ကျပ် သိန်း ၁၅၀၀၊ ၁၀၀၀၊ ၅၀၀၊ ၃၀၀ ကနေ ကျပ် ၂ သိန်း ဆုတွေအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး ကျပ် ၁ သိန်းနဲ့ ကျပ် ၅ သောင်း ဆုတွေကိုတော့ ပဒေသာယူနစ် ဆုမဲတွေအဖြစ် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ပဒေသာဆုမဲ ဆိုတာကတော့ ထွက်ပေါ်လာတဲ့ ရှေ့ဂဏန်း ၄ လုံး တူညီရုံနဲ့ အက္ခရာ မတူညီတာရော၊ နောက်ပိုင်း ဂဏန်း မတူတာတွေကိုပါ ဆုကြေး ချီးမြှင့်မယ့်စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ လာမယ့် သြဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲမှာ ဆုမဲပေါင်း ၂ သောင်း ၈ ထောင်နီးပါး ဖွင့်လှစ် ပေးသွားမယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024