ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မြေပြိုမှုများဖြစ်

ဒီရက်ပိုင်းတွေအတွင်း ဂျပန်နိုင်ငံကို ၀င်ရောက်နေတဲ့ နီယိုဂူရီ တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ Japanဇူလိုင် ၉ ရက်နေ့က ဂျပန်နိုင်ငံအလယ်ပိုင်းက နာဂီဆိုမြို့မှာ မြေပြိုမှု ဖြစ်ပွားပြီး ၁၂ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဂျပန်တနိုင်ငံလုံးမှာ သေဆုံးသူ ၃ ဦး ရှိသွားပြီး ဒဏ်ရာရသူ စုစုပေါင်းလည်း အယောက် ၅၀ ရှိနေတယ်လို့ ဆိုပါတယ်။ နာဂီဆိုမြို့တော်ဝန်က ဇူလိုင် ၁၀ ရက်နေ့မှာ မိုးသည်းထန်မယ်လို့ တွက်ခဲ့ပေမယ့် ဇူလိုင် ၉ ရက်နေ့မှာ မမျှော်လင့်ပဲ မိုးရေချိန် ၂ ဒသမ ၈ လက်မ ရွာခဲ့တာကြောင့် အခုလို မြေပြိုမှု ဖြစ်ခဲ့တာလို့ ပြောဆိုပါတယ်။ နီယိုဂူရီ မုန်တိုင်းကို စူပါမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပေမယ့် ဂျပန်ကျွန်းတွေကို ၀င်ရောက်ချိန်ကစပြီး မုန်တိုင်းအဆင့် ၃ ကို လျော့ချခဲ့ပါတယ်။ ဒါပေမယ့်လည်း လေပြင်း တိုက်ခတ်လျက်ရှိပြီး မိုးသည်းထန်နေတာကြောင့် ဂျပန်နိုင်ငံတ၀န်း ရာနဲ့ ချီတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ရှင်ကန်ဆန် ကျည်ဆန်ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up