Home
မြန်မာသတင်း
ဇူလိုင် ၁၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - (ဒေါက်တာထွန်းလွင်)
DVB
·
July 10, 2014
ဇူလိုင် ၁၀ ရက်နေ့ မနက် ၇ နာရီခွဲ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေ မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေက တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၁၀ ပေကနေ ၁၆ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၄ ပေကနေ ၉ ပေလောက်မြင့်တက်နိုင်ပါတယ်။ ဒါကြောင့်ကမ်းရိုးတန်းနဲ့အနီးတ၀ိုက်မှာ နေထိုင်ကြသူတွေ အနေနဲ့ သတိပြုနေထိုင်ဖို့ကို တိုက်တွန်းလိုက်ပါတယ်။ Slide8အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကျဆင်းနိုင်တဲ့မြို့တွေကတော့ ဘားအံမြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့၊ မော်လမြိုင်မြို့နဲ့ ထားဝယ်မြို့တွေပဲဖြစ်ပါတယ်။ ခရမ်းလွန် ရောင်ခြည်အညွန်းကိန်း အနိမ့်ဆုံး ကျဆင်းနိုင်တဲ့ ထားဝယ်မြို့မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၈ ဒသမ ၇ သာ ကျရောက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက် နိုင်တာကတော့ ဟားခါးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၃ ဒသမ ၃ အထိ မြင့်တက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ လွန်ကဲအဆင့်ထက် ကျော်လွန်နိုင်ပြီး အညွှန်းကိန်း တန်ဖိုး ၁၁ ကနေ ၁၃ ကျော်တဲ့အထိ မြင့်တက်နိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်း ကနေ ၅၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ် နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဇူလိုင်လ ၁၁ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာ နိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၂၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024