အလက်စ်ဆန်းချက်ဇ်ကို အာစင်နယ်အသင်း ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
737
အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်ဘောလုံးအသင်းဟာ ဘာစီလိုနာနဲ့ ချီလီ ရှေ့တန်း တိုက်စစ်မှူး အလက်စ်ဆန်းချက်ဇ်ကို လတ်မှတ်ထိုးခေါ်ယူလိုက်ပါတယ်။
[caption id="attachment_59999" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]အာဆင်နယ်အသင်းက ဆန်းချက်ဇ်ကို ပေါင် သန်း ၃၀နဲ့ ခေါ်ယူခဲ့ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီချက်နဲ့ တခြားသဘောတူညီချက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။
၂၀၁၁လ ခုနှစ်မှာ အီတလီ အူဒီးနီးအသင်းကနေ ဆန်းချက်ဇ်ဟာ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာ ဖြစ်သလို ၁၁၉ ပွဲမှာ ၄၃ ဂိုးသွင်းယူထားသူလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းက ပြင်သစ်ညာနောက်ခံလူ မက်သီယူ ဒီဘောင်ချီကို လတ်မှတ်ရေးထိုး ခေါ်ယူဖို့လည်း ရှိနေပါတယ်။
လီဗာပူလ်းအသင်းကလည်း တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ဆန်းချက်ကို ရယူဖို့ ဆန္ဒရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက ခေါ်ယူသွားတာ ဖြစ်ပါတယ်။
