Home
စီးပွားရေး
ကွန်တိန်နာ ၁ ရက် အလုံး ၂၀၀ စစ်မည်
DVB
·
July 10, 2014
container copyအကောက်ခွန်မဲ့ မှောင်ခိုကုန်စည်တွေကို ဖမ်းဆီးနေတဲ့ မိုဘိုင်းတင်းမ်အဖွဲ့ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေက ထွက်လာတဲ့ ကွန်တိန်နာတွေထဲက ၁ ရက်ကို ပျမ်းမျှ အလုံး ၂၀၀ လောက်စစ်ဆေးသွားမယ်လို့ ရန်ကုန်အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ ဒီလောက်ပဲ စစ်ဆေးရတာဟာ ကုန်စည် စီးဆင်းမှု မထိခိုက်စေဖို့အတွက်လို့ သူက ဆိုပါတယ်။ တကယ်လို့ စစ်ဆေးတဲ့ ကွန်တိန်နာတွေထဲမှာ အကောက်ခွန်မဲ့ မှောင်ခို ကုန်စည်တွေ တွေ့ရင် ဇူလိုင်လ အတွင်းမှာတော့ ပညာပေး အနေနဲ့ အခွန်ဆောင်ခိုင်းတာ၊ ဒဏ်ရိုက်တာလောက်ပဲ လုပ်မယ်လို့ ဆိုပါတယ်။ သြဂုတ်လဆန်း ရောက်ပြီဆိုတာနဲ့ ထောင်ဒဏ်ပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန် အက်ဥပဒေနဲ့ အရေးယူမယ်လို့ ဒီဗွီဘီ ကို ရှင်းပြခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024