အမေရိကန်တောမီး နေအိမ် ၂၀၀ ကျော်ကို ကူးစက်နိုင်

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_59994" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က တောမီး လောင်ကျွမ်းနေပြီး နေအိမ် ၂၀၀ ကျော် မီးကူးစက် လောင်ကျွမ်းနိုင်တယ်လို့ အန်ဘီစီ သတင်းဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတင်လောင်ကျွမ်းခဲ့ပြီး အချိန်ပိုင်းအတွင်း ၈ မိုင်ဧရိယာကို ချက်ချင်း ကူးစက်လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ ကိုလံဘီယာမြစ်ရေကို သယ်ယူပြီး မီးသတ်သမား ၂၅၀ ကျော် ကြိုးစား မီးငြိမ်းသတ်နေပြီး ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကိုလည်း ဘေးကင်းရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up