နိုင်ဂျီးရီးယားအသင်းကို နိုင်ငံတကာပွဲများ ကစားခွင့် ဖီဖာ ပိတ်ပင်

ကမ္ဘာဖလားပြိုင်ပွဲနဲ့ တဆက်တည်းမှာပဲ နိုင်ဂျီးရီးယားအသင်းကို နိုင်ငံတကာပွဲတွေ မကစားဖို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ထုတ်ပြန်လိုက်ပါတယ်။ Nigeria's players line up for a team photo before their 2014 World Cup qualifying soccer match against Malawi in Calabarနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အစိုးရက ၀င်ရောက် စွက်ဖက်တဲ့အတွက် အခုလို တားမြစ်လိုက်တာပါ။ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်ကော်မတီကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး ဇူလိုင် ၉ ရက်နေ့ နောက်ဆုံးထား ရှင်းပြဖို့ ဖီဖာက တောင်းဆိုခဲ့တာပါ။ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ကို အရင်အပတ်က ဖျက်သိမ်းခဲ့ပြီး အုပ်ချုပ်သူတွေနဲ့ အစားထိုးခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီကို အထွေထွေညီလာခံ ကျင်းပပြီး သင့်တင်လျောက်ပတ်စွာ ရွေးချယ်ပြီး သူတို့ လုပ်ဆောင်ချက်တွေကို စွက်ဖက်မှု မပါဘဲ လုပ်ဆောင်နိုင်ရင် တားမြစ်တာကို ပယ်ဖျက်ပေးမယ်လို့ ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုလည်း ကမ္ဘာဖလားပြိုင်ပွဲကနေ အပြန်မှာ နိုင်ဂျီးရီးယား အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up