ဘ၀မှာ အဆိုးဝါးဆုံး နေ့တနေ့ဟု ဘရာဇီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးက ဂျာမနီကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့နေ့ဟာ သူ့ဘ၀မှာ အဆိုးဝါးဆုံး နေ့တနေ့ကို ရင်ဆိုင်ရတာ ဖြစ်တယ်လို့ နည်းပြ စကိုလာရီက ပြောဆိုလိုက်ပါတယ်။ ဘရာဇီးနည်းပြ စကိုလာရီက “ဂျာမနီအသင်းဟာ ပထမပိုင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နည်းပြတယောက်အနေနဲ့ ဒီအရှုံးကို အမြဲတမ်း သတိရနေမှာပါ။ ကစားသမားပိုင်းနဲ့ နည်းစနစ်ပိုင်းတွေကို ကျနော် ရွေးချယ်ခဲ့တာပါ။ အရှုံးအတွက် တာဝန်ယူပါတယ်။ အခုလို ကစားပုံမျိုးအတွက် ဘရာဇီးပြည်သူတွေအနေနဲ့ ခွင့်လွှတ်ပေးပါ” လို့ တောင်းပန်စကား ပြောခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုးနဲ့ အထက် တခါမှ မရှုံးဖူးသေးတဲ့အတွက် အခုရလဒ်ဟာ အသင်းရဲ့ သမိုင်းမှာ အဆုံးဝါးဆုံးနဲ့ အရှက်ရဆုံးရလဒ်အဖြစ် မှတ်တမ်း ၀င်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up