ဘရာဇီး-ဂျာမနီ (ဆီမီးဖိုင်နယ် သုံးသပ်ချက်)

ဇူလိုင် ၉ ရက်နေ့ ဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဘရာဇီးအသင်းနဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ လက်ရှိဘရာဇီးအသင်းမှာတော့ အားထားရတဲ့ တိုက်စစ်မှူး နေမာဟာ ကိုလံဘီယာနဲ့ ကစားတဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် ကမ္ဘာဖလားပြိုင်ပွဲတွေမှာ ဆက်မကစားနိုင်တော့ပါဘူး။ WORLD CUP 04 copyဒါ့အပြင် ဘရာဇီး အသင်းခေါင်းဆောင် တီယာဂိုဆေးလ်ဗားက လည်း ကိုလံဘီယာနဲ့ပွဲမှာ အ၀ါကတ်ထိထားလို့ ၀င်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဘရာဇီလ်းအသင်းက ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ပေမယ့် ဖီဖာက ပယ်ချခဲ့ပါတယ်။ ဂျာမနီ အသင်းရဲ့ နည်းပြ ဂျိုအာချင်းလိုကလည်း ဘရာဇီးအသင်းက နေမာ ဒဏ်ရာရခဲ့ပြီးတဲ့နောက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ကစားသမားတွေအတွက် ပိုပြီးအကာအကွယ်ပေးတာတွေ လုပ်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ “အရမ်းကို ကြမ်းတမ်းတဲ့ ပြစ်ဒဏ်တွေ တားမြစ်ထားတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နေမာ၊ မက်ဆီ၊ အိုဇေးလ်တို့လို့ ကစားသမားတွေကို လိုအပ်တော့မှာ မဟုတ်ဘဲ ဖျက်လိုဖျက်ဆီးကစားသမားတွေပဲ ရှိလာမှာပါ။” နေမာကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ ကိုလံဘီယာကစားသမား ဂျူအန် ကာမီလို ဇီဂါကို အပြစ်ပေးဖို့အတွက် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုကို ဖီဖာ စည်းကမ်းထိမ်းသိမ်းရေးကော်မတီက ပယ်ချလိုက်ပါတယ်။ ဂျာမနီ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါက ဘရာဇီးရဲ့ လိုအပ်တာထက်ပိုပြီး မာမာထန်ထန်ကစား တတ်တဲ့ ကစားဟန်ကြောင့် ဒိုင်တွေအနေနဲ့ အိမ်ရှင်အသင်းကို သေသေချာချာစောင့်ကြည့်ဖို့ လိုတယ်လို့ ဆီမီးဖိုင်နယ်ပွဲမကစားခင်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ ဘရာဇီးအသင်းဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲ ၅ ပွဲမှာ ၉၆ ကြိမ် ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး ဒါဟာ ဂျာမနီအသင်းရဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့မှု ၅၆ ကြိမ်ထက် သိသိသာသာများနေတာပါ။ ဘရာဇီးကစားသမားတွေအနေနဲ့ အဝါကတ် ၁၀ ကြိမ်ထိခဲ့ပြီး ဂျာမနီကစားသမားတွေကတော့ ၄ ကြိမ်ပဲ ထိခဲ့ပါတယ်။ ဘရာဇီးအသင်းနည်းပြ စကိုလာရီကတော့ နေမာဒဏ်ရရသွားလို့ ကြုံနေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီး ဂျာမနီကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေသလို ကမ္ဘာဖလားဗိုလ်လုပွဲကို ချီတက်နိုင်မယ်လို့ ပြောပါတယ်။ “ဂျာမနီအသင်းက တကယ့်ကို တည်ငြိမ်တဲ့ အသင်းပါ။ ဒါ့အပြင် ဒီဖလားအတွက် ၆ နှစ်လောက် ပြင်ဆင်ထားတယ်ဆိုတာကို မမေ့သင့်ပါဘူး၊ ဒီနေရာကို ရောက်ဖို့ ၆ နှစ်လောက် အလုပ်လုပ်ခဲ့သလို ဒီနေရာကို ရောက်လာတယ်ဆိုကတည်းက အသင်းလိုက် စုစည်းမှုကောင်းသလို တည်ငြိမ်လို့ပါ။ ဒီနှစ်တွေမှာ သူတို့ အလုပ်လုပ်ခဲ့တာတွေအားလုံးကို ရလာဒ်တွေမှာပြနေပါတယ်။ ကျနော်တို့ ဂျာမနီကို လေးစားသလို ဒီလေးစားမှုဟာ ကျနော်တို့စတိုင်ကိုချမှတ်နိုင်မှာဖြစ်ပါတယ်။” ၁၉၅၀ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဘရာဇီးအသင်းဟာ ဒဏ်ရာပြဿ     နာကြောင့် ဥရုဂွေးကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ မြန်မာ့အားကစားကလောင်ရှင် ဦးဟိန်းသန့်ကတော့ ဘရာဇီးကို ပိုမိုကြိုက်နှစ်သက်တယ်လို့ ခန့်မှန်းထားပါတယ်။ “စိတ်ဝင်စားစရာတော့ ကောင်းတယ်။ ဘရာဇီးက နေမာမပါဘူး၊ တီယာဂို မပါဘူးဆိုတော့ အားလျော့သွားမယ်လို့ အများစုက ထင်ကြတယ်။ ကျနော့်အမြင်ကတော့ ဘရာဇီးက စိတ်ဓာတ်ပိုင်းမှာ အမြင့်ဆုံးကို ရောက်နေတာ တွေ့ရတယ်။ နောက် အိမ်ခံအားလည်း ရှိတယ်။ အိမ်အားပရိသတ်အားနဲ့ အမြင့်ဆုံးရောက်နေတဲ့ စိတ်ဓာတ်အား ၂ ခု ပေါင်းသွားမယ်ဆိုရင် ဘရာဇီးရဲ့ ကစားအားကို ဂျာမနီထိန်းနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဒီပွဲက ဘရာဇီးရဲ့ ပွဲဖြစ်ဖို့ များပါတယ်။” ၂၀၀၂ ခုနှစ် ကမ္ဘာဖလား ဗိုလ်လုပွဲမှာတော့ ဘရာဇီလ်းအသင်းဟာ ဂျာမနီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဆီမီးဖိုင်နယ် နောက်တပွဲကိုတော့ အာဂျင်တီးနားနဲ့ နယ်သာလန်တို့က ဇူလိုင် ၁၀ ရက်နေ့ မနက် ၃ နာရီမှာ ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up