ဂျပန်နိုင်ငံတောင်ပိုင်းကို အင်အားပြင်း တိုဖွန်းမုန်တိုင်း တိုက်ခိုက်

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို အင်အားပြင်း နီယိုဂူနီ တိုင်ဖွန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်တိုက်ခိုက်နေပါတယ်။ typhoonအိုကီနာဝါဒေ သခံတွေ နေအိမ်တွေကို စွန့်ခွာပြီး မုန်တိုင်းဒဏ်ခံ ကယ်ဆယ်ရေး စခန်းတွေမှာ ယာယီပြောင်းရွှေ့နေ ထိုင်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ စူပါမုန်တိုင်းအဆင့်ကနေ မုန်တိုင်းအဆင့် ၃ ကို ဒီနေ့မှာ လျော့ချခဲ့ပေမယ့် လေတိုက်နှုန်း ၁ နာရီ ၁၅၅ မိုင်နဲ့ တိုက်ခတ်နေတယ်လို့ သိရပါတယ်။ အိုကီနာဝါကျွန်းက အိမ်ထောင်စု ၇ ထောင်လောက် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အိုကီနာဝါ ရေနံချက်စက်ရုံကိုလည်း ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ကာဒါနာ လေတပ်စခန်းကိုလည်း မုန်တိုင်း သတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားပါတယ်။ ဂျပန်ကတ်ဘိနက်ဝန်ကြီး ယိုရှီဟီဒေး ဆုဂါ (Yoshihide Suga) က လက်ရှိအချိန်အထိ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမှု သတင်းပေးပို့ချက် မရှိသေးဘူးလို့ ပြောဆိုပါတယ်။ မုန်တိုင်း သတိပေးချက်တွေနဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို အချိန်နဲ့ တပြေးညီ ဦးစားပေး လုပ်ဆောင်ဖို့ ၀န်ကြီးချုပ်က ညွှန်ကြားထားတယ်လို့လည်း ပြောဆိုပါတယ်။ နီယိုဂူနီမုန်တိုင်းဟာ ၁ နာရီ မိုင် ၂၀ နှုန်းနဲ့ အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up