A d v e r t i s e m e n t With Us

ခွဲထွက်ရေးသမားများ၏ လက်နက်သိုလှောင်ရုံ ယူကရိန်းတပ် တွေ့ရှိ

ယူကရိန်းအမျိုးသားတပ်ဖွဲ့ဝင်တွေက စလာဗီယန့်မြို့ထဲက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ကျန်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းထဲမှာရှိတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်ကုန်လှောင်ရုံကို ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။ Ukrainian National Guardဒေသခံတွေရဲ့ ပူးပေါင်းဆောင် ရွက်မှုကြောင့် သိခဲ့တာလို့ ဒုတိယအရန်တပ် ရင်း ခေါင်းဆောင် စစ်ဦးစီးအရာရှိချုပ် အန်ဒရေက ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။ ဆိုဗီယက်ခေတ် နင်းမိုင်းတွေ၊ တင့်ကားဖျက်မိုင်းတွေကနေ မီးပြောင်းသေနတ်တွေနဲ့ ခေတ်မီ အလွယ်တကူသယ်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေထိ အမျိုးမျိုးပါဝင်တဲ့ လက်နက်အများအပြားကို သိုလှောင်ထားတဲ့ အဆောက်အဦကို စစ်သားတွေ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ စလာဗီယန့်မြို့ဟာ ဒန်ညက်စ်ခရိုင်တွင်း ယူကရိန်းတပ်တွေ တိုက်နေတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအတွက် အခိုင်အမာ ခြေကုပ်စခန်းမြို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ဒီမြို့ကို ယူကရိန်းတပ်တွေက ပြန်သိမ်းနိုင်ခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာတော့ ယူကရိန်းစစ်သားတွေက မြို့တွင်းလမ်းတွေမှာ ကင်းလှည့်နေခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းစစ်တပ်က ကုန်ကားတွေ၊ ပေါင်မုန့် ဟင်းသီးဟင်းရွက်နဲ့ ၀က်အူချောင်းတွေ သယ်လာခဲ့ပြီး ဒေသခံတွေအတွက် ဝေပေးခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း ပင်စင်လစာတွေအပါအ၀င် လူမှုရေးခံစားခွင့်တွေ၊ ရေနဲ့ လျှပ်စစ် ဖြန့်ဖြူးမှုတွေ ပြန်စပေးမယ်လို့ ယူကရိန်းအစိုးရက ခန့်ထားတဲ့ ဒန်ညက်စ်ခရိုင် အုပ်ချုပ်ရေးမှူး ဆာဂီလ်တာရူတာက ကတိပြုပါတယ်။ ယူကရိန်းကာကွယ်ရေးအာဏာပိုင်တွေက စလာဗီယန့်မြို့ထဲက ယူကရိန်းလုံခြုံရေးအဖွဲ့ရုံး အဆောက်အဦထဲမှာ ခွဲထွက်ရေးသမားတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးပြီးကြောင်း ပြောပါတယ်။ ဒန်ညက်စ်နဲ့ လူဟန့်ဒေသအတွင်းက သူပုန်တွေကို ထောက်ပံ့မှုအတွက် ယူကရိန်းအစိုးရက ရုရှားကို အပြစ်တင်ထားပါတယ်။ ရုရှားအစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up