အစ္စရေးက ဂါဇာကမ်းမြှောင်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ၇ ဦး သေဆုံး

အစ္စရေးအစိုးရက ဟားမတ်စ်တွေရဲ့ ဒုံးကျည်နဲ့ ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့အစောပိုင်းက လုပ်ခဲ့လို့ ဟားမတ်စ်အဖွဲ့ရဲ့ သေနတ်သမား ၇ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရတယ်လို့ အစ္စလာမ်မစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၁၂ နယ်စပ်စစ်ပွဲပြီးချိန်ကစရင် လူသေအများဆုံးနေ့ပဲလို့လည်း ဆိုပါတယ်။ Israeli air strikes kill 7 Gaza gunmenအစ္စရေးစစ်တပ်နဲ့ အာဏာပိုင်တွေ က လေကြောင်း တိုက်ခိုက် မှုကို အတည်ပြုခဲ့ပြီး အစ္စရေးတောင်ပိုင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာ လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဟားမတ်စ်တွေ လွှမ်းမိုးတဲ့ ဂါဇာကနေ အစ္စရေးကို ဒုံးကျည် ၂၅ စီး ပစ်လွှတ်ခဲ့လို့ ဇွန်လလယ်တည်းကစတဲ့ ပစ်ခတ်မှုအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးတောင်ပိုင်းရပ်ကွက်တွေ တိတ်ဆိတ်မှု ပြန်ရဖို့ လိုသမျှ အားလုံးလုပ်မယ်လို့ အစိုးရအဖွဲ့ကို ဇူလိုင် ၆ ရက်နေ့က ကတိပေးပါတယ်။ လွန်ခဲ့တဲ့အပတ်က အရှေ့ဂျေရုဆလင်မှာ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်းလူငယ် မိုဟာမက်အဘူခူဒါကို အရှင်လတ်လတ် မီးရှို့သတ်မှုကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတွေကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒီသတ်ဖြတ်မှုကြောင့် အစ္စရေးနိုင်ငံတွင်း ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ အာရပ်မြို့တွေမှာပါ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ လူသတ် ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဂျူး ၆ ဦးကို ဖမ်းဆီးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up