မန္တလေးမြို့ အခြေအနေ တည်ငြိမ်စပြု
DVB
·
July 6, 2014
မန္တလေးမြို့ အခြေအနေဟာ တည်ငြိမ်စပြုနေပြီလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး ဦးဇော်မင်းဦးက ပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညနဲ့ ဒီကနေ့ ၆ ရက်နေ့ နေ့လယ် အထိ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာနေကြသလို ပဋိပက္ခတွေ မဖြစ်ပွားအောင်လည်း ရဲတပ်ဝင်တွေက အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ် ၇ မြို့နယ်မှာလည်း လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင် အင်အား ၁ ထောင်ကျော်ချထားတယ်လို့ ဆိုပါတယ်။
ပဋိပက္ခနဲ့ ဆက်နွယ်မှု ရှိတယ်လို့ သံသယရှိသူ ၁၆ ယောက်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပြီး သူတို့တွေကို ဥပဒေနဲ့ အညီစွဲချက်တင်သွားမယ်လို့လည်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ဒီဗွီဘီကို ပြောပါတယ်။