ဘရာဇီး ချန်ပီယံဖြစ်ရေး သူ့ရဲ့အိပ်မက်တွေ ပြီးဆုံးသွားမှာ မဟုတ်ဟု နေမာ ပြော

တိုက်စစ်မှူး နေမာက ဒဏ်ရာကြောင့် မကစားနိုင်တော့မယ့်လည်း ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ရေး သူ့ရဲ့ အိမ်မက်တွေက ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးနေမာဟာ ကိုလံဘီယာကို အနိုင်ရတဲ့ ပွဲစဉ်မှာ တဖက်ကစားသမားနဲ့ တိုက်မိပြီး နောက်ကျောမှာ ဒဏ်ရာရပြီး လက်ကျန် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေနဲ့လွဲချော်သွားပြီ ဖြစ်ပါတယ်။ နေမာက “ကျနော့် အိမ်မက်တွေ နှောင့်ယှက် ခံရပါတယ်။ ဒါပေမယ့် ဆက်ပြီး သွားနေပါတယ်။ အသင်းဖော်တွေက ကျနော့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးမှာ”လို့ ပြောဆိုသွားပါတယ်။ ဘရာဇီးဟာ ဆီမီးဖိုင်နယ်မှာ ဂျာမဏီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up