A d v e r t i s e m e n t With Us

တရုတ်နိုင်ငံတွင် ရေကြီးမှုကြောင့် လူ ၁၀၀၀ ကျော် ဘေးလွှတ်ရာ ကယ်တင်ခဲ့ရ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ရေကြီးနေတာကြောင့် လူ ၁၀၀၀ ကျော်ကို ဇူလိုင်လ ၅ ရက်နေ့က ဘေးလွှတ်ရာ ကယ်တင်ခဲ့ရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းက မိုးသည်းထန်ပြီး အကြီးစား မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ ရှင်ဟောင် ဒွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုထဲက ဟွာအိုင်ဟွာ မြို့ငယ်လေးမှာ အိမ်တချို့ ရေအောက်နစ်မြှုပ်ခဲ့ပြီး လူတယောက်လည်း ပျောက်ဆုံးနေပါတယ်။ ဒေသအစိုးရက သဘာဝကပ်ဘေးကျရောက်နေတဲ့ ဒေသဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ မြေတူးစက်တွေ၊ လှေတွေကို ပို့ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up