ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မည့် ကုမ္ပဏီများကို စီဂျီဂျီ ၀န်ဆောင်မှု ပေးမည်
DVB
·
July 5, 2014
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတွေကို အဆင့်မြင့်ဝန်ဆောင်မှုပေးဖို့အတွက် ပြင်သစ်အခြေစိုက် စီဂျီဂျီကုမ္ပဏီဟာ ရန်ကုန်မှာ ရုံးခွဲနဲ့ စင်တာ ဖွင့်လှစ်သွားမယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာအစိုးရဟာ ကမ်းနီး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၆ ခုနဲ့ ကမ်းဝေး လုပ်ကွက် အခု ၂၀ ကို ပြည်တွင်းနဲ့ ပြည်ပ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။
စီဂျီဂျီဟာ အဲဒီ ကုမ္ပဏီတွေကို ခေတ်မီဆော့ဖ်ဝဲနဲ့ နည်းပညာတွေ တပ်ဆင်ထားတဲ့ စင်ကာပူ ရုံးခွဲနဲ့ ချိတ်ဆက်ပြီး နောက်ဆုံးပေါ် ရေနံရှာဖွေရေးနည်းပညာနဲ့ ၀န်ဆောင်မှု ပေးသွားမယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။