Live
Home
သတင်းတို
ထိုင်ဝမ်ကုမ္ပဏီ စက်ရုံဆောက်ပြီး ရှူးဖိနပ် ၁ နှစ် ၃ သိန်း ထုတ်မည်
DVB
·
July 4, 2014
ထိုင်ဝမ်အခြေစိုက် Pou Chen ဖိနပ်ထုတ် လုပ်ငန်းစုဟာ ရန်ကုန်ဧရိယာမှာ စက်ရုံ တည်ဆောက်ပြီး ၁ နှစ် ရှူးဖိနပ်အရံ ၃ သိန်း ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။ 201305070017t0001ကမ္ဘာကျော် နိုက်၊ ပူးမား နဲ့ အဲဒီးဒတ်စ် ကုမ္ပဏီတွေအတွက် ဖိနပ် ထုတ်လုပ်ပေးနေတဲ့ Pou Chen ကုမ္ပဏီဟာ မြန်မာနိုင်ငံ စက်ရုံအတွက် ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ၂၀၁၅ ကုန်ခါနီးမှာ စက်ရုံ စလည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။ ၂၀၁၈ လောက်ရင် ၁ နှစ် ဖိနပ် အရံ ၈ သိန်းလောက် တိုးတက်ထုတ်လုပ်နိုင်ဖို့ လျာထား တယ်လို့လည်း ဖော်ပြထားပါတယ်။ ထိုင်ဝမ်အခြေစိုက် Pou Chen ကုမ္ပဏီဟာ တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဖိနပ်စက်ရုံတွေ တည်ထောင်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024